
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များ လှူဒါန်းထားရှိသော
ဌာပနာတော်များ သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင် တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော် ကုသိုလ်ရှင်များ လှူဒါန်းထားသည့် ဌာပနာတော်များ သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်သည့် ရတနာပလ္လင်တော်ထက်၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလ ဗုဒ္ဓိ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက်ကြည်ညို ကြသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ ရှင်းလင်း ဆောင်၌ ပါဠိဆရာတော်ကြီးအမှူး ပြုသည့် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပါဠိဆရာတော်ကြီး အမှူးပြုသည့် သံဃာတော်များ၊ ဦးဆောင်ဘုရားဒါယကာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘုရားဒါယကာများသည် ရတနာ ရွှေသေတ္တာတော်များ အတွင်း ထည့်သွင်းထားသည့် နိုင်ငံ တစ်ဝန်းလုံးရှိ (၇)ရက် သား၊ သမီး ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုး တန် ရတနာရွှေငွေကျောက် သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများနှင့် ဌာပနာပစ္စည်း များကို ကြည့်ရှု၍ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆရာတော်ကြီးများ ထံ တင်ပြလျှောက်ထားပြီး ကြည်ညို သဒ္ဒါပွားများကြ သည်။
ရွတ်ပွားသရဇ္စျာယ်
ယင်းနောက် ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်များက မေတ္တသုတ်တရားတော်ကို ရွတ် ပွားသရဇ္စျာယ်၍ မေတ္တာပြုတော်မူ ကြပြီး ဘုရားဒါယကာများက ရတနတ္တယပူဇာဂါထာနှင့် သဗ္ဗ သင်္ဂါဟက မေတ္တာပို့လင်္ကာ နှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ် ရွတ်ဆိုပွားများ ပူဇော်ကြသည်။
နာယူကြည်ညို
ဆက်လက်၍ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဘုရားဒါယကာ များက ဆရာတော်ကြီးများ ရွတ်ပွား သရဇ္စျာယ်တော်မူကြ သည့် ဇယမင်္ဂလာဂါထာတော်ကို နာယူကြည်ညိုကြသည်။
သွင်းလှူပူဇော်
ထို့နောက် အခမ်းအနားမှူး က မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားသည်။ မင်္ဂလာအချိန် တော်တွင် ပါဠိဆရာတော်ကြီး နှင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာ ပလ္လင်တော်ထက် ဗဟိုဌာနနေရာ ရှိ ဌာပနာတိုက်တော်များအတွင်း သို့ နိုင်ငံတစ်ဝန်းလုံးရှိ (၇) ရက် သား၊ သမီး ဘုရားဒါယကာ၊ ဒါယိ ကာမများ၊ စေတနာရှင်၊ အလှူရှင် များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာရွှေငွေ ကျောက် သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ အပါအဝင် ဌာပနာတော်ပစ္စည်းများ ထည့် သွင်းထားသည့် ရွှေသေတ္တာတော် များနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်တည် ကမ္ပည်းမော်ကွန်း ကျောက်စာတော်တို့ကို သတ်မှတ် ဌာပနာတော် နေရာအသီးသီး တွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူပူဇော်ကြသည်။
ထို့ပြင် စေတနာရှင်အလှူရှင် များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာ ကျောက်သံ ပတ္တမြားများကိုလည်း ရတနာ ပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ကျန်ရှိသည့် ဌာပနာတိုက်တော် နေရာများတွင် တာဝန်ရှိသူများ က သွင်းလှူပူဇော်ကြသည်။
အမျှပေးဝေ
ယင်းနောက် ပါဠိဆရာတော် ကြီး အမှူးပြုသည့် ဆရာတော် သံဃာတော်များနှင့် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်တို့သည် ဌာပနာ တော်တိုက်များအား နံ့သာရည် များ ပက်ဖျန်းပူဇော်ကြသည်။ ဆက်လက်၍ ပါဠိဆရာတော် ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာ အောင်ဂါထာများကို ရွတ်ဆို ပူဇော်ပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်း လွှာကို ဖတ်ကြား၍ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် အမှူးပြု သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များ၊ ပြည်သူပြည်သား များအားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်အတွက် မေတ္တာ ပြု အမျှပေးဝေကြကာ သာဓု သုံးကြိမ် ရွတ်ဆိုတော်မူကြ သည်။
ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး
ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းလိုက်ပြီး ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။
ယင်းနောက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဗုဒ္ဓဥယျာဉ် တော်အတွင်း လှည့်လည်၍ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို ကြည့်ရှုကာ လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။
ဌာပနာသွင်းလှူပူဇော်
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ် ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေ ထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည် ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားများ ကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ သည်။
ထို့ပြင် မိဘပြည်သူများ ထပ်မံ၍ ကုသိုလ်ယူလှူဒါန်းနိုင် ရေး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနများတွင် ဌာပနာတော် များကို ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ကြောင်း၊ ကုသိုလ် တော် ရေရှည်တည်တံ့ခိုင်မြဲနိုင် မည့် အဖိုးတန်ကျောက်မျက် ရတနာများ ဌာပနာတော်ကုသိုလ် ပြုနိုင်ရန်အတွက် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုး မျှော်၍ အသိပေးနှိုးဆော်ခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များ က နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများထံသို့ ဝမ်းပန်းတသာ ဆက်သွယ်၍ အဖိုးတန် ကျောက်မျက်ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများ ကို ထည့်ဝင်လှူဒါန်း ကုသိုလ်ပြု ခဲ့ကြသည်။
ထိုကဲ့သို့ နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ ဝမ်းပန်းတသာ ဆက်သွယ် လှူဒါန်းခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည် ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါ အဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြား များ၊ အဖိုးတန်ရွှေငွေ ကျောက် သံပတ္တမြားများကို ယနေ့တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကြောင်းနှင့် ဘုရားကြီး ဘက်စုံအလှူငွေ အဖြစ် ငွေကျပ် သိန်းပေါင်း ၈၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့ သည်။
မီးထွန်းညှိ၍ ပူဇော်ထားရှိ
ထို့ပြင် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်အတွင်း၌ ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင် တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များနှင့် ပင်မအဝင် လမ်းတို့တွင် အများပြည်သူ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်အောင် မီးထွန်းညှိ၍ အလင်းပေးပူဇော် ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်