နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား သွင်းအားစုပစ္စည်းများပေးအပ်

 

နတ်တလင်း ဖေဖော်ဝါရီ ၉


ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် နတ်တလင်းခရိုင်အတွင်းရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် လိုအပ်သော သွင်းအားစုပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ  အခမ်းအနားတွင် ခရိုင်လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက အမှာစကားပြောကြားပြီး နတ်တလင်းခရိုင် အတွင်းရှိ မြို့နယ်များမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုး မည့်တောင်သူများအား လိုအပ်သောသွင်းအားစုပစ္စည်းများကို ခရိုင်လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် နတ်တလင်းခရိုင်အတွင်းရှိ   မြို့နယ်လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက တောင်သူများလက်ဝယ်အရောက် ပေးအပ် ခဲ့ကြောင်း သိရသည်။

                            ဝေယံဖြိုး(ပြန်/ဆက်)