နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ တူကီယဲနိုင်ငံသမ္မတ ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်     ဖေဖော်ဝါရီ     ၉
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် တူကီယဲနိုင်ငံနှင့် ဆီးရီးယားနိုင်ငံ  နယ်စပ်တွင်ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် တူကီယဲပြည်သူ အများအပြား အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ   တူကီယဲနိုင်ငံသမ္မတ မစ္စတာ ရီဆက်တေရစ်အာဒိုဂန်ထံသို့  စာနာထောက်ထားကြောင်း သဝဏ်လွှာကို ၇-၂-၂၀၂၃ ရက်​နေ့တွင် ​ပေးပို့ခဲ့သည်။