
နေပြည်တော် ဖေဖော်ဝါရီ ၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း မှ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလဆုတ် ၈ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ် များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်