
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ဆိုင်ရာ ကုလသမဂ္ဂ၏ ပူးတွဲအစီ အစဉ် (Joint United Nations Programme on HIV/AIDS-UNAIDS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး (Country Director) အဖြစ် တာဝန်ထမ်း ဆောင်မည့် Dr. Rangaiyan Gurumurthy သည် ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြု တွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ် သည်။
ခန့်အပ်လွှာ ပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်