
ဝါရှင်တန် ဖေဖော်ဝါရီ ၈
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် မှတ်တမ်းတင် ရလောက်သည့်အဆင့်အထိ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးခဲ့ခြင်းအပါအဝင် ၎င်း၏ အောင်မြင်မှုများကို နိုင်ငံတော် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ထို့အပြင် လာမည့်နှစ်အတွက် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒများကိုလည်း ၎င်း၏မိန့်ခွန်းတွင် မီးမောင်းထိုးဖော်ပြခဲ့သည်။
ဘိုင်ဒန်သည် ဒုတိယအကြိမ်မြောက် နိုင်ငံတော် မိန့်ခွန်းကို ဖေဖော်ဝါရီ ၇ ရက်က လွှတ်တော်ပူးတွဲ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သမ္မတ အဖြစ်ပြန်လည်ရွေးကောက်ခံရန် မကြာမီကြေညာ မည်၊ မကြေညာမည်ဆိုသည်ကိုလည်း အလေးပေး ပြောကြားခဲ့သည်။
ဘိုင်ဒန်က ၎င်း၏မူဝါဒများသည် အမေရိကန် စီးပွားရေးကို ပြန်လည်ရှင်သန်စေခဲ့ကြောင်း၊ ထို့အပြင် အလုပ်အကိုင်ပေါင်း ၁၂ သန်းကို ဖန်တီး ပေးခဲ့ကြောင်း၊ အမေရိကန်သမ္မတတိုင်းက လေးနှစ် ကြာဖန်တီးခဲ့သည့် အလုပ်အကိုင် အရေအတွက် ထက် ပိုများသည့် အလုပ်အကိုင်အရေအတွက်ကို မိမိက နှစ်နှစ်အတွင်း ဖန်တီးပေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
လွန်ခဲ့သောနှစ်နှစ်က ကိုဗစ်-၁၉ ကြောင့် မိမိတို့ ၏ စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းရပ်နားစေခဲ့ ကြောင်း၊ ထို့အတူ ကျောင်းများကိုလည်း ပိတ်စေ ခဲ့ကြောင်း၊ ထို့အပြင် မိမိတို့ကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း ယနေ့တွင် ကိုဗစ်-၁၉ က မိမိတို့ဘဝကို ထိန်းချုပ်နိုင်တော့ မည်မဟုတ်ကြောင်း ဘိုင်ဒန်က ပြောသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်လွှတ်တော် အဆောက်အအုံ၌ မုန်တိုင်းထန်ခဲ့သည့် ကိစ္စကို ရည်ညွှန်းပြီး ဘိုင်ဒန်က အမေရိကန်ဒီမိုကရေစီသည် ပြည်တွင်းစစ်ကဲ့သို့ ဖြစ်ပွားခဲ့သည့် ထိုအချိန် ကတည်းက အကြီးကျယ်ဆုံး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော် ယနေ့ခေတ်တွင် အတွင်းကြေသဘောဖြစ်နေသည့်တိုင် အနိုင်မခံ အရှုံးမပေး မပြိုကွဲဘဲ ဆက်လက်ရပ်တည်လျက် ရှိကြောင်း ပြောခဲ့သည်။
ထို့အပြင် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်များက လွှတ်တော်ကို ထိန်းချုပ် နိုင်ခဲ့သည့်တိုင် နိုင်ငံ၏မူဝါဒများကို ရှေ့ဆက်သွား နိုင်ရန် ဒီမိုကရက်များနှင့် လက်တွဲလုပ်ဆောင်ရန် လည်း တိုက်တွန်းခဲ့သည်။ ပဋိပက္ခအတွက် ပဋိပက္ခ ဖန်တီးခြင်း၊ ရန်လိုတိုက်ခိုက်မှုအတွက် တိုက်ပွဲ များ ဖန်တီးခြင်းက မိမိတို့အတွက် သွားစရာ နေရာမရှိဖြစ်စေမည်ဖြစ်ကြောင်းလည်း ဘိုင်ဒန်က ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ