(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲကျင်းပ

 

တောင်ကြီး  ဖေဖော်ဝါရီ   ၈


(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့  ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညပိုင်းက  ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အိမ်တော်ဝင်း၌ ကျင်းပသည်။ 

 


ညစာစားပွဲသို့     နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့်   ဒေါ်ဒွဲဘူ၊   ပိုးရယ် အောင်သိန်း၊       ဒေါက်တာ ကျော်ထွန်း၊    ဦးရွှေကြိမ်းတို့နှင့် အတူ    ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်       ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊   ထူးချွန်ဆု ရရှိသူများနှင့်   ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

 


ဘက်စုံဖွံ့ဖြိုးအောင် ကြိုးစား


ဂုဏ်ပြုညစာစားပွဲတွင်  ရှမ်း ပြည်နယ်ဝန်ကြီးချုပ်    ဦးအောင် ဇော်အေး(ယာပုံ)က   (၇၆)   နှစ် မြောက် ရှမ်းပြည်နယ်နေ့ အခမ်း အနားကို စည်ကားသိုက်မြိုက်စွာ    ကျင်းပနိုင်ခဲ့ပြီး ဂုဏ်ပြုသင့် ဂုဏ်ပြု ထိုက်သူများနှင့်   ပုဂ္ဂိုလ်များကို  ထိုက်တန်စွာ      ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့ သဖြင့်   အထူးကျေနပ်ဝမ်းသာ    ဖြစ်မိပါကြောင်း၊   ရှမ်းပြည်နယ် တည်ငြိမ်အေးချမ်းပြီး         ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်   ဆက်လက် ကြိုးစား  ဆောင်ရွက်သွားကြရန် လည်း      တိုက်တွန်းပါကြောင်း၊ ပြည်နယ်အတွင်းရှိ      ဒေသခံ တိုင်းရင်းသားများ၏      စားဝတ် နေရေး         လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်  လက်တွေ့ အကောင်အထည်ဖော်      ဆောင် ရွက်လျက်ရှိသော      အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများကိုလည်း အများ ပြည်သူ သိရှိနိုင်ရန် ဖွင့်လှစ်ပြသ နိုင်ခဲ့ပါကြောင်း၊  လုပ်ငန်းလိုအပ် ချက်များကို ပြည်နယ်အစိုးရအနေ ဖြင့်   ကူညီဖြည့်ဆည်းပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း  ပြောကြား သည်။

 


ရိုးရာအကဖျော်ဖြေ


ယင်းနောက်        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ညစာစားပွဲသို့ တက်ရောက် လာကြသူများသည်    (၇၆)  နှစ် မြောက် ရှမ်းပြည်နယ်နေ့ အထိမ်း အမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပြီး ပအိုဝ်းတိုင်းရင်း သား      ရိုးရာယဉ်ကျေးမှုအဖွဲ့၏ ပအိုဝ်းတိုင်းရင်းသားရိုးရာ အိုးစည် ဗုံမောင်းအက၊ “အာခါ” တိုင်းရင်း သား   ရိုးရာယဉ်ကျေးမှုအဖွဲ့၏ “စေးစေး”    သီချင်းဖြင့်    ကပြ ဖျော်ဖြေမှု၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ရှမ်းရိုးရာအလှ ရှမ်းရိုးရာအက၊ ပလောင်တိုင်းရင်း သား   ရိုးရာယဉ်ကျေးမှုအဖွဲ့၏ ပွင့်ဖူးချယ်ရီ  တို့ရှမ်းပြည် သီချင်း ဖြင့်    ကပြဖျော်ဖြေမှု၊    လားဟူ တိုင်းရင်းသားရိုးရာ  ယဉ်ကျေးမှု အဖွဲ့၏ လားဟူနှစ်သစ်ကူး  အက သီချင်းဖြင့် ဖျော်ဖြေမှု၊ ဓနု၊ “ဝ”၊ အင်း၊ လီဆူ၊   တောင်ရိုး၊  ကိုးကန့် တိုင်းရင်းသားရိုးရာ  ယဉ်ကျေးမှု အဖွဲ့၏ ရိုးရာအကနှင့် တောင်ကြီး ဒေသခံ  တေးသံရှင်များ၏  သီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။

 


ဂုဏ်ပြုဆုငွေချီးမြှင့်


ယင်းနောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီဝင် များ၊   ပြည်ထောင်စုဝန်ကြီးများ နှင့်   ပြည်နယ်ဝန်ကြီးချုပ်တို့က တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်