မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မန္တလေးမြို့အဝင် သာယာလှပရေး ဆောင်ရွက်နေမှုနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား (e-ID စနစ်) ကွန်ပျူတာများဖြင့် ဖြည့်သွင်းနေမှုများကို လိုက်လံကြည့်ရှုအားပေး

 

မန္တလေး   ဖေဖော်ဝါရီ    ၈
မန္တလေးတိုင်းဒေသကြီး     အစိုးရ အဖွဲ့အနေဖြင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ    ချမှတ် အကောင်အထည်ဖော်    ဆောင် ရွက်နေသည့်    ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ် တို့နှင့်အညီ     တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင်     အနီးကပ်   ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်  ဦးမျိုးအောင် သည်   တိုင်းဒေသကြီး   ဝန်ကြီး များ၊    တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့အဝင် သန့်ရှင်းသာယာ ရေးလုပ်ငန်းများ   ဆောင်ရွက်နေ သည့်    တံခွန်တိုင်   အဝိုင်းပတ် နေရာသို့      ယနေ့မွန်းလွဲပိုင်းက ရောက်ရှိပြီး     တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု   အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ 
မြို့နေလူထု စိတ်ချမ်းမြေ့စေရေး
ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး      ဝန်ကြီးချုပ်က နိုင်ငံတော်မှ    ချမှတ်ဆောင်ရွက် နေသည့်မူဝါဒများနှင့် ညွှန်ကြား ချက်များကို      အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မန္တလေးမြို့အား   စိမ်းလန်းသော မြို့တော်  (Green   City)  အဖြစ် ပုံဖော်      ဆောင်ရွက်လျက်ရှိရာ မြို့တော်အင်္ဂါရပ်များနှင့်     အညီ ဖြစ်စေရေး၊ မြို့နေလူထု စိတ်ချမ်း  မြေ့စေရေး၊     သန့်ရှင်းသာယာ လှပစေရေး၊   စိုက်ပျိုးထားသည့် အရိပ်ရအပင်များ၊    ပန်းအလှပင် များ   ပျက်စီးမှုမရှိစေရေးတို့ကို အလေးထား     ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း     ပြောကြားပြီး     လိုအပ်သည်များကို   ဆောင်ရွက် ပေးသည်။ 
သတ်မှတ်ကာလ ပြီးစီးအောင်
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့်  ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လုပ်ငန်းစဉ် (၅) နှင့်အညီ ရွေးကောက်ပွဲအောင်မြင်  စွာ   ကျင်းပပေးနိုင်ရေး   မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး အဖွဲ့မှ     ကောက်ယူထားသည့် အိမ်ထောင်စုလူဦးရေ     စာရင်း (၆၆/၆)  ပါ  အချက်အလက်များ အား   (e-IDစနစ်)   ကွန်ပျူတာ များဖြင့်   ဖြည့်သွင်းကာ   Server သို့ Online မှ ပေးပို့ဆောင်ရွက် နေသည့်    လူဝင်မှုကြီးကြပ်ရေး နှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေနှင့်   အောင်မြေ သာစံမြို့နယ်   ဦးစီးမှူးရုံးများနှင့်  ချမ်းအေးသာစံမြို့နယ်ရှိ     တိုင်း ဒေသကြီးဦးစီးမှူးရုံးသို့ ရောက်ရှိ ပြီး တာဝန်ရှိသူများက  လုပ်ငန်း ဆောင်ရွက်နေမှုများကို  ရှင်းလင်း ပြသရာ   တိုင်းဒေသကြီး  ဝန်ကြီး ချုပ်က သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အချက်အလက်များ ရေးသွင်းရာ တွင်    မှန်ကန်တိကျရေး    အထူး ဂရုစိုက်     ဆောင်ရွက်ရန်တို့ကို မှာကြားသည်။   
တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ  ဝန်ထမ်း များ၊ ဆက်စပ်ဌာန  ဝန်ထမ်းများက     အိမ်ထောင်စု လူဦးရေစာရင်းများ အား  ကွန်ပျူတာများဖြင့်    ထည့် သွင်း    ဆောင်ရွက်နေမှုများကို  လိုက်လံကြည့်ရှုအားပေးပြီး   ရုံး များတွင် နိုင်ငံသားစိစစ်ရေးကတ် များ    လာရောက်ဆောင်ရွက်နေသူ            များအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။                      သတင်းစဉ်