အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲဖိတ်ခေါ်ခြင်း

 

 

နေပြည်တော်၊ ဖေဖော်ဝါရီလ (  ၈  ) ရက်

၁။    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည်  ၂၀၂၃ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို  “ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့”  ခေါင်းစဉ်ဖြင့်  ကျင်းပ သွားမည်ဖြစ်ပါသည်။
၂။    ပြိုင်ပွဲဝင်ဆောင်းပါးကို    အမျိုးသမီးများ၏    အခွင့်အရေးကို ကာကွယ်ခြင်းနှင့် ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်သည့် တီထွင် ဆန်းသစ်မှုများနှင့်    စပ်လျဉ်းသည့်     အကြောင်းအရာများဖြင့် အောက်ဖော်ပြပါ    စည်းကမ်းချက်များနှင့်အညီ      ရေးသားပေးပို့ ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
    (က)    ပြိုင်ပွဲတွင် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
    (ခ)    ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော ခေါင်းစဉ်အောက် မှ မိမိကြိုက်နှစ်သက်ရာပုံစံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    (ဂ)    ပြိုင်ပွဲဝင်ဆောင်းပါးများကို     A4   ဆိုဒ်   စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ ရေးသားယှဉ်ပြိုင်ရမည်ဖြစ်သည်။
    (ဃ)    ကွန်ပျူတာစာလုံးMyanmar Unicode (Pyidaungsu Font)   စာလုံးအရွယ်အစား-၁၄  (Font  Size  14 ) စာကြောင်း အကွာအဝေး ၁.၅ (Line Spacing 1.5) ၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1" ပတ်လည်) Microsoft  Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်ဖြစ်ပါသည်။
    (င)    ပြိုင်ပွဲဝင်များပေးပို့သည့် စာမူများသည် မိမိကိုယ်တိုင် ဖန်တီးရေးသားထားသည့်  စာမူဖြစ်ပြီး ပေးပို့လာသည့် စာမူသည်  ဂျာနယ်၊  မဂ္ဂဇင်းများနှင့်   မီဒီယာများတွင် ဖော်ပြထားပြီးသည့် စာမူများ မဖြစ်စေရပါ။     
    (စ)    ဆုရွေးချယ်ခံရခြင်း    မရှိသော     ဆောင်းပါးများအား ပြန်လည်ပေးပို့မည် မဟုတ်ပါ။
    (ဆ)    ပြိုင်ပွဲဝင်ဆောင်းပါးအား ပြိုင်ပွဲကျင်းပသည့် ဌာနအနေ ဖြင့် အများပြည်သူအကျိုးငှာ ပြပွဲများ၊  စာအုပ်စာစောင် များ၊ website  များ၊ လက်ကမ်းစာစောင်များ၊  သင်ခန်း စာပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကိုပြိုင်ပွဲဝင်သူမှ သဘောတူ ခွင့်ပြုရပါမည်။     
၃။    ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ် ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။  ပထမဆု၊ ဒုတိယဆု၊ တတိယဆု  စုစုပေါင်း (၃) ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်သည်။ 
၄။    ပြိုင်ပွဲဝင်ဆောင်းပါးများကို  (Hard / Soft –copy)  တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင် သူ၏  အမည်၊  မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြား   အမှတ်၊ ပတ်စပို့အရွယ်   ရောင်စုံဓာတ်ပုံ  ၃  ပုံ၊   ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ   လူကိုယ်တိုင်ဖြစ်စေ၊   စာတိုက်မှဖြစ်စေ၊  အီးမေးလ်ဖြင့်ဖြစ်စေ  ညွှန်ကြားရေးမှူးချုပ်၊  လူမှုဝန်ထမ်းဦးစီးဌာန၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ရုံးအမှတ်-၂၃၊  နေပြည်တော်၊ (တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၄၂၅၀၊ ၀၆၇-၄၀၄၂၅၁၊ အီးမေးလ် dswmncw2023@gmail.com သို့  ၂၀၂၃  ခုနှစ်၊  ဖေဖော်ဝါရီလ ၂၀ ရက်နေ့   ညနေ ၄ နာရီ နောက်ဆုံးထား၍   ဆက်သွယ်ပေးပို့နိုင်ပါသည်။    (သတ်မှတ်ရက် ကျော်လွန်ပြီး   အမှတ်စဉ်  ၂  (ဂ၊ ဃ ၊ င) ပါ  စည်းကမ်းချက်များ နှင့်  မကိုက်ညီသော  ဆောင်းပါးများအား  ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)
၅။    ဆုရရှိသူများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၊MICC-II နေပြည်တော်၌   ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်း အမှတ် အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန