သံအမတ်ကြီး ဦးတင်ယု အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မတ်တွန်း ထံ ခန့်အပ်လွှာပေးအပ်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၉


အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံဆိုင်ရာ   အထူးအာဏာကုန်  လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  သံအမတ် ကြီး    ဦးတင်ယုသည်   ၎င်း၏ ခန့်အပ်လွှာကို     ၂၀၂၃    ခုနှစ် ဖေဖော်ဝါရီ  ၆ ရက်တွင် အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊  အဘူဒါဘီမြို့ရှိ Qasr Al-Watan နန်းတော်၌ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ  ဒုတိယသမ္မတ ရှိတ်   မိုဟာမက်    ဘင်   ရာရှစ် အယ်လ် မတ်တွန်း ထံသို့ ပေးအပ် ခဲ့ပြီးဖြစ်သည်။

 

သတင်းစဉ်