
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
မိမိတို့ တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့်
လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းသည် လေ့ကျင့်ရေး
ဆောင်ရွက်နေခြင်းပင်ဖြစ်
ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာ၌ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်ပြီး တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော် (လေ) ဟူ၍ မြေပြင်၊ ရေပြင်၊ ဝေဟင် လုံခြုံရေးတာဝန် များကို စုပေါင်းအားဖြင့် ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် ကာကွယ်ရေးလုပ်ငန်းစဉ်များ အလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ မိမိတို့ ၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရေး အတွက် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေရမည်ဖြစ်ပြီး အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ် ကြောင်း၊ စစ်သည်တိုင်း မိမိတို့တစ်ဦးချင်း နေ့စဉ် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန် ကန်ကန် လုပ်ဆောင်နေခြင်းသည် လေ့ကျင့်ရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ မိမိကိုယ်ကို အကျိုးမရှိစေနိုင်သည့် အသောက်အစားနှင့် အပျော် အပါးများကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ပြီး ကျန်းမာ ကြံ့ခိုင်အောင် နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ခြင်းမရှိပါက မိမိအပြင် မိမိ၏မိသားစု၊ မိမိအဖွဲ့အစည်း၏ အကျိုး စီးပွားကိုပါ ထိခိုက်စေနိုင်သည်ဖြစ်သဖြင့် ကျန်းမာ ကြံ့ခိုင်အောင် အသိတရားနှင့်ယှဉ်၍ နေထိုင် စားသောက်ရမည်ဖြစ်ကြောင်း၊ စစ်သည်တိုင်း ကျန်းမာကြံ့ခိုင်ပြီး အင်ပြည့်အားပြည့်ဖြင့် တာဝန် ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း။
တစ်ဦးချင်း၏ ဘဝတိုးတက်ရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေး
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့ တစ်ဦးချင်း စီ၏ ကိုယ်ရည်ကိုယ်သွေးများကို မြှင့်တင်နေရမည် ဖြစ်ပြီး တပ်မတော်မှ တာဝန်ထမ်းဆောင်မှုအလိုက်၊ အဆင့်အလိုက် တက်ရောက်ရမည့်သင်တန်းများ၌ လည်း အမြဲမပြတ် ကြိုးပမ်းအားထုတ်ခြင်းဖြင့် မိမိ ဘဝတိုးတက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတများ ရရှိစေရေးအတွက်လည်း သက်ဆိုင်သည့် စာပေများကို ဖတ်မှတ်လေ့လာနေရ မည်ဖြစ်ကြောင်း၊ ထို့ပြင် ဘဝတိုးတက်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် စာပေဖတ်မှတ်ခြင်းများကို လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းမှ ရရှိလာသည့် အသိပညာ ဗဟုသုတနှင့် အတတ်ပညာ များသည် မိမိတို့ တစ်ဦးတစ်ယောက်ချင်း၏ ဘဝ တိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ မိမိတို့ သိရှိထားသည့် အသိပညာ ဗဟု သုတများကိုလည်း အချင်းချင်းပြန်လည်မျှဝေပေး ခြင်းဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် လူမှု ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင် ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည် ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ မိဘတို့မည်သည် သားသမီးများအပေါ် မကောင်းသည်ကို တားမြစ်ပြီး ကောင်းရာများကို ညွှန်ပြကြကြောင်း၊ တပ်မတော်အတွင်း၌ စည်းကမ်း များ ချမှတ်ထားခြင်းသည် စနစ်တကျရှိမှုနှင့် စုစည်း ညီညွတ်မှုရှိစေရန်အတွက်ဖြစ်ပြီး မလိုလားအပ်ဘဲ တင်းကျပ်ထားခြင်းမျိုး မဟုတ်ကြောင်း၊ စစ်မြေပြင် တွင် တစ်ဦးနှင့်တစ်ဦး အသက်ပေး၍ တာဝန် ထမ်းဆောင်ရမည့်သူများဖြစ်သည့်အတွက် အမိန့် နာခံမှုကောင်းပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ မလိုလားအပ်ဘဲ အသက်အန္တရာယ်ထိခိုက်မှုများ မဖြစ်ပေါ်စေရေးတို့ အတွက် အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းများကို ချမှတ်ထားခြင်းဖြစ်သည်ကို နားလည်သဘောပေါက် ရမည်ဖြစ်ကြောင်း။
တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး
လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံ တော် တာဝန်များကိုပါ ထမ်းဆောင်ရလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ်မှုများကြောင့် နိုင်ငံ၏ စီးပွားရေးသည်လည်း ကျဆင်းခဲ့ရကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်စေရေး ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ဆောင်ရွက် ခဲ့သောကြောင့် လက်ရှိအချိန်တွင် နိုင်ငံ့စီးပွားရေး သည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည် ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အရာရှိ၊ စစ်သည်၊ မိသားစုများသည်လည်း တပ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် မိမိတို့ စားဝတ်နေရေးအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းကြောင့် သက်သာချောင်ချိမှုကို ဖြစ်စေခဲ့ပြီး ယခုကဲ့သို့ အခြေအနေတွင်လည်း အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခြင်း ဖြစ်ကြောင်း။
ပညာရည်မြင့်မားရေး
ပညာရေးနှင့် ပတ်သက်၍ နိုင်ငံသားတိုင်း KG+9 ပညာအရည်အချင်း ပြီးမြောက်စေရေး ဆောင်ရွက် ပေးထားကြောင်း၊ မိမိတို့နိုင်ငံတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများ များစွာပေါ်ထွက်လာရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများကို ကောင်းမွန်သည့် ပညာ အမွေများ ပေးနိုင်ရမည်ဖြစ်ပြီး မိမိ၊ တပ်မတော် နှင့် တိုင်းပြည်အတွက် အားကိုးအားထားရသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း အရာရှိ၊ စစ်သည် များ၊ မိသားစုများ၏ ပညာရည်မြင့်မားရေးကို အမြဲမပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်သည် အဆင့်အတန်းအားလုံး စည်းကမ်း စနစ်တကျရှိပြီး မိမိတို့ တစ်ဦးချင်းစီ၏ တာဝန်များ ကို ကျေပွန်အောင် ထမ်းဆောင်ကာ တပ်မတော် ၏ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြား သည်။
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စား သောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးက ရေတပ် စခန်းဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက် ဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေး၊ နယ်မြေ စိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ပေးလျက်ရှိမှု၊ နယ်မြေဒေသဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ စည်းကမ်းစနစ်တကျရှိစေရေး၊ အရာရှိ၊ စစ်သည်များ၏ ပညာရည်မြှင့်မားရေးနှင့် ဗဟုသုတများ ရရှိစေရေးတို့နှင့် ပတ်သက်၍ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်