
နေပြည်တော် ဖေဖော်ဝါရီ ၇
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန သည် အရှေ့အာရှအက်စစ် ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာ ရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက် ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင် ရွာသွန်းသော မိုးရေ များကို စုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကို သိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ရွာသွန်းခဲ့သော မိုးရေများ ၏ pH တန်ဖိုးနှင့် မိုးရေ၏ Electric Conductivity - EC များ ကို တိုင်းတာသည့် စခန်း ၄၁ ခု အနက် ကော့သောင်းစခန်းတွင် သာ မိုးရွာသွန်းခဲ့ပြီး ကျန်စခန်း များတွင် မိုးရွာသွန်းခဲ့ခြင်း မရှိဘဲ ကော့သောင်းစခန်းတွင် ရွာသွန်းခဲ့ သောမိုးရေ၏ pH တန်ဖိုးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စံသတ်မှတ်ထားသည့် သောက် သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ် မှတ်ထားသည့် သောက်သုံးရေ အတွက် pH တန်ဖိုး (6.5 – 8.5) အတွင်းတွင် ရှိကြောင်း တိုင်းတာ ရရှိခဲ့သည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ် ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း မိုးရေ နမူနာ တိုင်းတာရရှိခဲ့သည့် ကော့သောင်းစခန်း၌ ရွာသွန်းခဲ့ သော မိုးရေတွင် အက်စစ်ဖြစ်ထွန်း မှုအခြေအနေမရှိကြောင်း တွေ့ရှိရ သည်။
(ပုံ-၂)