တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဒုတိယနေ့ သွားရောက်လေ့လာ

 

နေပြည်တော် ဖေဖော်ဝါရီ ၇


နေပြည်တော်၌ ကျင်းပမည့် (၇၆)နှစ်မြောက်       ပြည်ထောင်စုနေ့ အခမ်းအနားတွင်  ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက် ကြမည့်       တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ   တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု       အဖွဲ့များ သည်        ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာ များသို့         သွားရောက်လေ့လာ ကြသည်။ 

 


အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းမှစ၍    တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာ     ပြခန်း    (ဝဲပုံ)၊ နေပြည်တော်        မြို့မဈေး၊   အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက် (အပေါ်ပုံ)နှင့် အမျိုးသားပြတိုက်တို့သို့   အဖွဲ့ နှစ်ဖွဲ့ခွဲကာ    သွားရောက်လေ့လာ ကြသည်။ 

 


တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွင်    ကချင်ပြည်နယ်မှ  ၃၉ ဦး၊ ကယားပြည်နယ်မှ ၃၈ ဦး၊ ကရင်ပြည်နယ်မှ   ၄၀ ၊   ချင်း ပြည်နယ်မှ ၃၂ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၃၈ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၂၈ ဦးနှင့် ရှမ်းပြည်နယ်မှ ၃၈ ဦးတို့ ပါဝင် ကြောင်း သိရသည်။ 


သတင်းစဉ်