
မုံရွာ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ မြန်မာ့ရိုးရာ စုပေါင်းထမနဲ ထိုးပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေ ပိုင်းတွင် မုံရွာမြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ချင်းတွင်းခန်းမအနီး၌ ကျင်းပ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် မိသားစုဝင် များ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွား ရေးရာဝန်ကြီးဌာန၊ သယံဇာတ ရေးရာဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ တိုင်းရင်း သားရေးရာ ဝန်ကြီးဌာန၊ တိုင်း ဒေသကြီး ဥပဒေချုပ်ရုံး၊ တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ စုစုပေါင်း ထမနဲထိုးအဖွဲ့ ကိုးဖွဲ့ရှိ ဝန်ထမ်း များမှ ပျော်ရွှင်စွာစုပေါင်းထမနဲ ထိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)