
ရန်ကုန် ဖေဖော်ဝါရီ ၄
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်း အဝေးခန်းမ၌ ကျင်းပသည့် ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ် စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက် နေမှု ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ရေရှည်ထိန်းသိမ်း
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက “မော်ကွန်း မှတ်တမ်းဖလင်များ သည် မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ အသက်ဝိညာဉ်ဖြစ်သည် သာမက မြန်မာလူမျိုးတို့၏ဘဝ ယဉ်ကျေး မှု သမိုင်းလည်းဖြစ်သည်” ဟူ သော ဆောင်ပုဒ်နှင့်အညီ မြန်မာ့ ရုပ်ရှင်ဖလင်များမှ မြန်မာနိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ပုံရိပ်များ အား ရေရှည်ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊ ယခင်ကဆို လျှင် ဖလင်များအား မှိုသန့်စင်ခြင်း လုပ်ငန်း၊ ပျက်စီးပြတ်တောက်နေ သော ဖလင်များကို တိပ်ဖြင့်ဆက်၍ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ကိုသာ ဆောင်ရွက်ခဲ့ရသော် လည်း ယခုအခါတွင် ဖလင်မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ရေရှည် ထိန်းသိမ်းထားနိုင်မည့် အခွင့် အရေးရရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် အင်္ဂလန်နိုင်ငံထုတ် Film Cleaner နှင့် ဩစတြေးလျနိုင်ငံ ထုတ် Film Scanner စက်ပစ္စည်း နှစ်ခုကို ဝယ်ယူခဲ့ပါကြောင်း၊ အဆိုပါ စက်များမောင်းနှင်မှုနှင့် ထိန်းသိမ်းခြင်း သင်တန်းကိုလည်း ဝန်ထမ်းများအား အခြေခံပိုင်း အနေဖြင့်ပို့ချထားပါကြောင်း။
ယခု အခြေအနေအရ ဖလင် များအား ဆေးကြောသန့်စင်ခြင်း၊ Scan ဖတ်ခြင်း၊ အစွန်းအထင်း များသန့်စင်ခြင်း၊ Digital Format တစ်ခုခုဖြင့် ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက် နိုင်ပြီဖြစ်ပါကြောင်း၊ နောက်ပိုင်း တွင် ဝန်ထမ်းများကို အဆင့်မြင့် သင်တန်းများပို့ချပြီး နိုင်ငံတကာ တွင် ဆောင်ရွက်နေသည့် Digital Restoration လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ တည်ဆောက်ရန် လျာထားသည့် နိုင်ငံတကာအဆင့်မီ အမျိုးသားဖလင်မော်ကွန်းတိုက်(National Film Archive)တွင် မော်ကွန်း လုပ်ငန်းများကို တစ်စုတစ်စည်း တည်း ဆောင်ရွက်ရန်ရှိပါ ကြောင်း ပြောကြားသည်။
ရှာဖွေထိန်းသိမ်း
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုး ထွန်းက ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက် နေသည့်အတွက် အားပေးပါ ကြောင်း၊ ရုပ်ရှင်ဖလင်များကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းရာ တွင် မိမိတို့အနေဖြင့် နောက်ကျ နေသော်လည်း အချိန်ရှိသေးပါ ကြောင်း၊ ရှေးဟောင်းရုပ်ရှင် ဇာတ်ကားများသည် တန်ဖိုးရှိပါ ကြောင်း၊ မိမိတို့ ရုပ်ရှင်အစည်း အရုံးအနေဖြင့်လည်း ဇာတ်ကား ဟောင်းများကို ရှာဖွေထိန်း သိမ်းနေပါကြောင်း ဆွေးနွေး ပြောကြားသည်။
အကြံပြုဆွေးနွေး
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအား ထိန်း သိမ်း ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူများက ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ် စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင် ရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီးနိဂုံးချုပ် အမှာစကားပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ နှင့်အတူ ဗဟန်းမြို့နယ်ရှိ ဖလင် ပိဋကတ်တိုက်သို့ ရောက်ရှိပြီး ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ် စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက် ထားရှိမှု၊ သတင်းရုပ်ရှင်ကား များ စနစ်တကျထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဧည့်ခန်းမ၌ မြန်မာ့ စွယ်စုံကျမ်းအတွဲ(၂) ထုတ်ဝေရေး အတွက် ထွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် လည်း ကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ် ရေးကော်မတီနှင့် စာပေဗိမာန် စာမူဆု ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း ရေးတို့အတွက် စာပေပညာရှင် များနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးသည်။
ကြည့်ရှုလေ့လာ
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဗိုလ်အောင်ကျော် လမ်းရှိ ထွန်းဖောင်ဒေးရှင်း စာကြည့်တိုက်သို့ သွားရောက်ပြီး စာအုပ်စာပေများ ငှားရမ်းဖတ်ရှုမှု အခြေအနေ၊ စာအုပ်များ စနစ် တကျထားရှိမှု အခြေအနေများ ကို ကြည့်ရှုလေ့လာသည်။
ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်တွင် စာအုပ်အမျိုးအစား ပေါင်း ၁၀၀ ကျော် ထားရှိထားပြီး နိုင်ငံခြားစာအုပ်ပေါင်း လေး သောင်းကျော်နှင့် မြန်မာစာအုပ် ပေါင်း ရှစ်ထောင်ကျော်ထားရှိ ထားကာ စာပေလာရောက် ဖတ်ရှု သူများ စနစ်တကျဖတ်ရှုနိုင်ရန် စီစဉ်ထားရှိထားကြောင်း သိရ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးသစ် ဖွင့်လှစ်မည့် အဆောက်အဦကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။
ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MRTV-HD မှတိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်နေသည့် “ညီညွတ်ရေးသံစဉ်” တေးဂီ တဖျော်ဖြေပွဲ ပွဲစဉ်(၂)ကို ကြည့်ရှု အားပေးရာ မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့် အတူ တေးသံရှင် ရသ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်း သားလူမျိုးများ ရုပ်သံလိုင်းမှ တေးသံရှင်များနှင့် တူယှဉ်နွှဲပျော် ဂီတပွဲတော်မှ တိုင်းရင်းသား တေးသံရှင်များ ဖြစ်ကြသည့် တျားရုအောင်၊ ဇော်မင်းဦး၊ လလဆွတ်၊ ထုံလှိုင်း၊ မြနန္ဒာ၊ ပပအောင်၊ ချိုသဲဦး၊ ဖွေးစုထွေးနှင့် မေဖြူခင်တို့က တိုင်းရင်းသား ရိုးရာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ပြန်လည်ထုတ်လွှင့် ပြသသွားမည်
အဆိုပါ အစီအစဉ်ကို Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ် ဖျော်ဖြေ တင်ဆက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်