နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို ပြင်ဦးလွင်မြို့နယ် သဒ္ဓမ္မပဇ္ဇောတာရုံ ကျောင်းထိုင်ဆရာတော်ထံ အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်းခြင်း

 

မန္တလေး  ဖေဖော်ဝါရီ  ၄


နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် မန္တလေးတိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ   ပြင်ဦးလွင် မြို့နယ်  ပြင်စာအုပ်စု သဒ္ဓမ္မပဇ္ဇော တာရုံကျောင်းတိုက်တွင်  ပြုလုပ် သော  အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်းပွဲသို့   ဖေဖော် ဝါရီ ၃ရက် နံနက်ပိုင်းက ရောက် ရှိရာ     အဆိုပါကျောင်းတိုက်မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇဝနအား ဖူးမြော်ကြသည်။

 


သာသနာ့ဂရန် ဆက်ကပ်


ဆက်လက်၍  နမောတဿ သုံးကြိမ်ရွတ်ဆို၍  အခမ်းအနား ကို  ဖွင့်လှစ်ကာ  ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး  နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်    နှင့်   တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က အခွန်လွတ်သာသနာ့ဂရန် နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ ဝတ္ထုငွေများ  ဆက်ကပ်လှူဒါန်း ကာ (အပေါ်ယာပုံ) ရေစက်သွန်းချ ပြီးနောက်  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု      သုံးကြိမ်ရွတ်ဆို     ဆုတောင်း၍   အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်  အဖွဲ့သည် ပြင်ဦးလွင် အမှတ် (၁) အခြေခံပညာ      အထက်တန်း ကျောင်းတွင်    ကျင်းပသည့်     ပြင်ဦးလွင်ခရိုင်အတွင်းရှိ   အခြေခံ ပညာကျောင်းများမှ ဆရာ ဆရာမ များအတွက် ကျောင်းဝတ်စုံများ ချီးမြှင့်ပွဲသို့ ရောက်ရှိရာ  ကျောင်း သား   ကျောင်းသူများက    ဂုဏ်ပြု သီချင်းများဖြင့်    အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ 

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်က ဂုဏ်ပြုစကား  ပြောကြားရာတွင်   စာပေအနုပညာ  တီထွင်ဖန်တီး ဖွင့်ဟဖော်ထုတ်မှုနှင့်  ဗဟုသုတ တို့တွင်  ပျော်ရွှင်နိုးထလာအောင်   ကြံစည်လုပ်ဆောင်ပေးတတ်ခြင်း သည်   ဆရာ    ဆရာမတို့၏ အနုပညာပင်ဖြစ်ကြောင်း၊  ဆရာ ကောင်း  ဆရာမြတ်များကို မှီဝဲမှ သာ   တပည့်ဖြစ်သူများသည် သီလ၊ သမာဓိ၊ ပညာများ တိုးပွား နိုင်မည်ဖြစ်ကြောင်း၊  သင်ကြား ပေးသူ၊ သင်ယူသူ ဟန်ချက်ညီပြီး  ဆရာ၊ မိဘ၊ ကျောင်းသား လက်တွဲ ညီညီဖြင့်    အနာဂတ်လူ့အဖွဲ့ အစည်းကို   ကောင်းမွန်အောင် ဖန်တီးကြမည့် လူသားရတနာများ ကို    တောက်ပြောင်လာအောင် ထုဆစ်  ပြုပြင်ပေးကြရမည်ဖြစ် ကြောင်း၊ အခြေခံကောင်း အုတ် မြစ်ကောင်းများ  ရရှိသွားအောင် လည်း     အလေးထားကြိုးစား သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ 

 


အလေးထားဆောင်ရွက်  


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က   နိုင်ငံတော်  စီမံ အုပ်ချုပ်ရေးကောင်စီမှ     ရှေ့ လုပ်ငန်းစဉ်၊    ဦးတည်ချက်တို့ ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ဦးတည် ချက်များထဲမှ လူမှုရေးဦးတည် ချက်များအနက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးတို့ကို   အလေးထား ဆောင်ရွက်နေကြောင်း၊    တိုင်း ဒေသကြီးအတွင်း    ကဏ္ဍများ အလိုက်     ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို    နိုင်ငံတော်မှ ချမှတ်ထားသည့်  မူဝါဒများနှင့် အညီ ကြီးကြပ်ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်နှင့်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်တို့ က     ပြင်ဦးလွင်ခရိုင်အတွင်းရှိ အခြေခံပညာ   ကျောင်းများမှ ဆရာ ဆရာမ ၁၄၉၇ ဦးအတွက်   ကျောင်းစိမ်းဝတ်စုံများ၊ နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   မိသားစုက ကျောင်းစာကြည့်တိုက် များအတွက် ဓမ္မဒါနအဖြစ်လှူဒါန်း သော ဘာသာရေးစာအုပ် ၁၅၂၀ အား တာဝန်ရှိသူများထံ ပေးအပ် ပြီး ကျောင်းသား ကျောင်းသူများ နှင့်  ဆရာ ဆရာမများ၏ ဂုဏ်ပြု သီဆိုကပြမှုများကို      ကြည့်ရှု အားပေးကာ     ကပြခဲ့ကြသည့် အကအဖွဲ့များ၊ ဘင်ခရာ အဖွဲ့များ၊ ပန်းပွားအက   အဖွဲ့များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ပြီး ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။ 

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်နှင့် အဖွဲ့သည်  ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာများနှင့်   ပြင်ဦးလွင် မြို့တော်ခန်းမ၌   မွန်းလွဲပိုင်းက တွေ့ဆုံကာ   တင်ပြဆွေးနွေးမှု အပေါ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က    ပေါင်းစပ် ဆောင်ရွက်ပေးသည်။

 


ကြည့်ရှုအားပေး


ထိုမှတစ်ဆင့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဦးမောင်ကိုနှင့်အဖွဲ့သည်   ဆေး တက္ကသိုလ်(မန္တလး)တွင် ကျင်းပ သည့် (၅၆)  ကြိမ်မြောက်   မဟာ ဘုံကထိန်အောင်ပွဲနှင့် နိဗ္ဗာန်ဈေး ပွဲတော်သို့ ညနေပိုင်းတွင် ရောက်ရှိ ပြီး ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာန မှူး)များ၊ ဆရာ  ဆရာမများက နိဗ္ဗာန်ဈေးပွဲတော်အတွင်းလိုက်ပါ ပြသရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့်  အဖွဲ့သည် ကျောင်းသား   ကျောင်းသူများ ကိုယ်တိုင်   ပျော်ရွှင်ကြည်နူးစွာ ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံ နှုတ်ဆက်   အားပေးကြောင်းနှင့်  မန္တလေးမြို့ဂုဏ်ဆောင်     မြို့မ တေးဂီတအဖွဲ့နှင့်     တွဲဖက်၍ တင်ဆက်သည့်   ကျောင်းသား ကျောင်းသူများ၏     အငြိမ့်ဖြင့် ဖျော်ဖြေဧည့်ခံမှုကို      ကြည့်ရှု အားပေးပြီး      ဂုဏ်ပြုငွေများ ချီးမြှင့်ပေးကြောင်း    သတင်းရရှိ သည်။


သတင်းစဉ်