
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည် ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွား တော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက် ခြင်းဖြင့် ဒေသတိုးတက်စည်ကား မှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်အတွင်း၌ သာသနာ တော်ထုံး၊ ရုပ်ပွားဆင်းတုတော် ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည် ဆောက်ပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင် တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ် ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာ ရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်း ထားသည့် ရွှေထည် ၁၀၄ ကျပ် သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက် မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော် များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြား များ၊ အဖိုးတန်ရွှေငွေ ကျောက်သံ ပတ္တမြားများကို ဌာပနာသွင်း လှူပူဇော်နိုင်ခဲ့သည်။
ထပ်မံလှူဒါန်းပူဇော်မည်
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ် သဖြင့် ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာ ကုသိုလ်ပြုနိုင်ရန်အတွက် နိဗ္ဗာန် အကျိုးမျှော်၍ အသိပေးနှိုးဆော် လျက်ရှိရာ (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များ က ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင် လှူဒါန်းလျက်ရှိကြပြီး ယနေ့ တွင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေသို့ ရွှေထည် ၂၃ ကျပ်သား ၅ ပဲ၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၄၇ ကျပ်သား ၃ ပဲ ၇ ရွေး၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ဓာတ်တော် မွေတော် ၂ ဆူ၊ ရန်ကုန်တိုင်းဒေသ ကြီး၌ ရွှေထည် ၁၉ ကျပ်သား ၂ ပဲ ၇ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၃၀ ကျပ်သား ၁၂ ပဲ ၆ ရွေး၊ ပုလဲ၊ ပလက်တီနမ်နှင့် ကျောက်မျိုးစုံ၊ ငွေထည်ပစ္စည်း များ၊ ဘွဲ့တံဆိပ်များ၊ ဓာတ်တော် မွေတော် ၁ ဆူ၊ အလှူငွေကျပ် ၁၃၆၂၀၀၀၀ နှင့် မန္တလေးတိုင်း ဒေသကြီး၌ ရွှေထည် ၆၆ ကျပ် သား ၁၃ ပဲ ၅ ရွေး၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၁၁ ကျပ်သား ၁၀ ပဲ ၆ ရွေး၊ စိန်၊ ပုလဲ နှင့် ကျောက်မျိုးစုံ၊ ငွေထည် ပစ္စည်းများ၊ အလှူငွေကျပ် ၅၇၈၂၅၀၀ တို့ကို လာရောက် လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လည်း ရွှေထည် ၃၆ ကျပ်သား ၃ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၄ ကျပ်သား ၁၃ ပဲ ၁ ရွေး၊ စိန်၊ ပတ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ဓာတ်တော် မွေတော်များ၊ ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်နှင့် ဆုတံဆိပ်များ၊ အလှူငွေကျပ် ၅၁၀၈၆၇၀၀ နှင့် ထိုင်းဘတ်ငွေ ၃၀၀၀၀ ဘတ်တို့ကို ဌာပနာသွင်းလှူ ပူဇော်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်
(၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာ ရှင်၊ အလှူရှင်များအနေဖြင့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း လှူဒါန်းပူဇော် လိုပါက နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ အသိပေးနှိုးဆော် ထားသည်။
သတင်းစဉ်