
နေပြည်တော် ဖေဖော်ဝါရီ ၃
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်မည့် မန္တလေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ် တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းတွင် လည်းကောင်း၊ ချင်းပြည်နယ်မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များသည် ညနေပိုင်းတွင် လည်းကောင်း ခေတ္တတည်းခိုနေထိုင်မည့် နေပြည်တော် လေ့ကျင့်ရေးစခန်း (အားကစား ကျေးရွာ)သို့ ရောက်ရှိကြသည်။
အဆိုပါ ယဉ်ကျေးမှုအဖွဲ့များ ကို ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် အနုပညာ ဦးစီးဌာနတို့က အတီး၊ အမှုတ်၊ အကများဖြင့် ကြိုဆိုခဲ့ပြီး ခေတ္တ တည်းခိုနေထိုင်ရေးအတွက် နေရာ ထိုင်ခင်းများ၊ စားသောက်ရေး များ စီစဉ်ဆောင်ရွက်ပေးကြသည်။
အဆိုပါ ယဉ်ကျေးမှုအဖွဲ့ များသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ပြီး ရိုးရာ အဆို၊ အက အလှများ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် အေးချမ်းပျော်ရွှင်စွာ အကတိုက် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)