ပုဏ္ဏားကျွန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးကွင်းဆင်းဆောင်ရွက်

 

ပုဏ္ဏားကျွန်း  ဖေဖော်ဝါရီ   ၂


ရခိုင်ပြည်နယ်    ပုဏ္ဏားကျွန်း မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ  သုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား  ပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက်   Ami မီတာများ     စစ်ဆေးလဲလှယ် တပ်ဆင်ခြင်း၊ 11 KV,0.4 KV ဓာတ်အားလှိုင်းများနှင့် မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းခြင်း၊ 11/0.4 KV       ထရန်စဖော်မာများကို ဝန်ဆောင်အားမျှခြင်း လုပ်ငန်း များကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူ နှင့်  ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 


ပုဏ္ဏားကျွန်း မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက်        အဆိုပါ  ကွင်းဆင်းဆောင်ရွက်ခြင်း  လုပ်ငန်း များအား စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။    


  မြို့နယ်(ပြန်/ဆက်)