ပြည်သူများ ခရီးသွားလာရေးအဆင်ပြေစေရေးအတွက် ကျောက်တော် - ပလက်ဝ သင်္ဘောခရီးစဉ် အပတ်စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိ

 

ကျောက်တော်   ဖေဖော်ဝါရီ    ၂


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ရေနယားသင်္ဘောခရီးစဉ်အား  အပတ်စဉ် ပုံမှန်ပြေးဆွဲပေးခြင်းကြောင့် အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် အဆင်ပြေချောမွေ့ လျက်ရှိကြောင်း သိရသည်။

 


အဆိုပါ     ရေနယားသင်္ဘောခရီးစဉ်      ပြေးဆွဲခြင်းကို အခြေအနေအမျိုးမျိုးကြောင့်   ရပ်ဆိုင်းခဲ့ရာ   ကျောက်တော် မြို့နယ်နှင့်   ပလက်ဝမြို့နယ်ရှိ   အများပြည်သူများအနေဖြင့် ကျောက်တော်မြို့နယ်အတွင်းရှိ  ကုန်ပစ္စည်းများကို  ချင်းပြည် နယ် ပလက်ဝမြို့အတွင်းရှိ ဈေးဆိုင်များသို့  ကုန်စိမ်း၊ ကုန်ခြောက် များ    အချိန်မီဖြည့်တင်းပေးခြင်း၊    ဒေသထွက်ကုန်ပစ္စည်း များကို  ကျောက်တော်မြို့  မြို့မဈေးကြီးအတွင်း  ရောင်းကုန်၊တိုက်ကုန်များအဖြစ်   လာရောက်ရောင်းချခြင်းများ    စီစဉ်ဆောင်ရွက်နိုင်သည့်အပြင်  မိမိ ဒေသအတွင်းရှိ ဒေသခံပြည်သူများ၏ စားဝတ်နေရေးအပြင် ပညာရေး၊ ကျန်းမာ ရေး၊  လူမှုရေး၊ စီးပွားရေး စသည့်အခက်အခဲများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။

 


ယခုအခါ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ပြန်ဖွင့်လာပြီဖြစ်၍ သင်္ဘော ခရီးစဉ်အား  အပတ်စဉ်  ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ  ဒေသခံပြည်သူများနှင့်  ခရီးသွား ပြည်သူများအနေဖြင့် ခရီးသွားလာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း  သိရသည်။


ခင်မောင်ထွန်း(ပြန်/ဆက်)