ပလက်ဝမြို့ အ.ထ.က(၁)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

 

ပလက်ဝ  ဇန်နဝါရီ  ၃၁    


ချင်းပြည်နယ် ပလက်ဝမြို့ အ.ထ.က(၁)ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို   ယနေ့နံနက်က အ.ထ.က(၁) သဇင်ခန်းမ၌ ကျင်းပသည်။

 


အဆိုပါဟောပြောခြင်းသည်   ကလေးများ၏  ဘဝ၊  အခွင့်အရေး အလားလာနှင့် ဂုဏ်သိက္ခာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်နိုင်ငံ တော်အတွက်  အရေးပါသည့်  စွမ်းဆောင်ရည်မြင့်မားသော  လူကြီး လူကောင်းများ  ပေါ်ထွန်းလာစေရန်  ရည်ရွယ်ကာ   ပလက်ဝမြို့နယ် ကလေးအလုပ်သမားပပျောက်စေရေးအတွက် ကျင်းပရခြင်းဖြစ်သည်။

 


အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ   ဦးအောင်ကျော်က  ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ   လုပ်ငန်းဆပ်ကော်မတီများ    ဖွဲ့စည်းဆောင်ရွက်ထားခြင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး   ဦးကျော်မြင့်ဦးက ပလက်ဝမြို့နယ်၌   ကလေးအလုပ်သမားပပျောက်စေရန်   ကျောင်း သား ကျောင်းသူများသည်  ပညာတတ်ကြီးဖြစ်အောင်   ကြိုးစားပြီး အနာဂတ်နိုင်ငံတော်တာဝန်များ ထမ်းဆောင်မည့် မျိုးဆက်သစ်လူငယ် များဖြစ်ကြောင်း၊ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်  နိုင်ငံတော်အကျိုး သယ်ပိုးဆောင်ရွက်ရေးကို ထမ်းဆောင်ရမည်ဖြစ်သည့်အတွက်  လမ်းမှား မရောက်စေဘဲ   ပညာတတ်ကြီးဖြစ်အောင်   ကြိုးစားစေလိုကြောင်း ပြောကြားသည်။

 


အခမ်းအနားသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူး  ဦးအောင်မျိုးနိုင်၊   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန  ဦးစီးအရာရှိ   ဦးအောင်ကျော်နှင့်   ဝန်ထမ်းများ၊   မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦး၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာ ကြီး ဦးထွန်းရွှေနှင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။                    

မြို့နယ်(ပြန်/ဆက်)