မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ‌မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲကျင်းပ

 

မန္တလေး  ဇန်နဝါရီ  ၃၁


မြန်မာနိုင်ငံ      စာကြည့်တိုက်များ ဖောင်ဒေးရှင်းက   မန္တလေးတိုင်း‌ ဒေသကြီးအတွင်းရှိ     ရပ်ကွက်၊ ကျေးရွာ      စာကြည့်တိုက်များသို့ စာအုပ်၊    စာစောင်များ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို   ယမန် နေ့က    မန္တလေးခရိုင်    လူထု အခြေပြုဗဟိုဌာန  သင်တန်းခန်းမ ၌ ကျင်းပသည်။

 


ရှင်းလင်း‌ဆွေးနွေး


အဆိုပါလှူဒါန်းပွဲ    အခမ်း အနားတွင် မြန်မာနိုင်ငံ စာကြည့် တိုက်များ   ဖောင်ဒေးရှင်းဒုဥက္ကဋ္ဌ မန္တလေးတိုင်းတာဝန်ခံ    မြင်းမူ မောင်နိုင်မိုးက    အမှာစကား ပြောကြားပြီး     တိုင်းဒေသကြီး   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန     တိုင်းဦးစီးမှူး   ဒေါ်ဝေဝေဖြိုးက    တိုင်းဒေသကြီး အတွင်းရှိ    စာကြည့်တိုက်များ နှင့်ပတ်သက်၍ ရှင်းလင်း‌ဆွေးနွေး ပြောကြားသည်။

 


ပေးအပ်လှူဒါန်း


ထို့နောက်        မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌက          တိုင်းဒေသကြီး အတွင်းရှိ   ကျေးရွာ၊   ရပ်ကွက် စာကြည့်တိုက်များသို့    စာအုပ်၊ စာစောင်  စုစု‌ပေါင်း   ၆၀၀ ကို ပေးအပ်လှူဒါန်းရာ ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးအရာရှိများ၊      မြို့နယ် စာရေးဆရာအသင်း  ဥက္ကဋ္ဌများက လက်ခံရယူခဲ့ပြီး  ကျေးရွာ၊ ရပ်ကွက် စာကြည့်တိုက်များသို့ ဆက်လက် ပေးအပ်   လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)