မြန်မာ-ရုရှား နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော်   ဇန်နဝါရီ    ၃၁


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း     ဒုတိယ ဥက္ကဋ္ဌ     မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့     ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို     ယနေ့ နံနက်ပိုင်းတွင်    စွမ်းအင်ဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌     လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်  ဆက်ဆံရေး ထူထောင် မှု    စိန်ရတုနှစ်ပတ်လည်ကာလ တွင်      ယခုလိုတွေ့ဆုံရသဖြင့်     ဂုဏ်ယူ    ဝမ်းမြောက်ပါကြောင်း     ဦးစွာ         နှုတ်ခွန်းဆက်စကား ပြောကြား၍    နှစ်နိုင်ငံ    စွမ်းအင် ကဏ္ဍပူးပေါင်း      ဆောင်ရွက်မှု များ     တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စများကို    ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်းဖလှယ်        ဆွေးနွေး ကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့  စွမ်းအင် ဝန်ကြီးဌာန        ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊      ဝန်ကြီး ဌာန         ကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ  ပုဂ္ဂိုလ်များ၊       မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ရုရှား-မြန်မာ    ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများနှင့်      ကိုယ်စား လှယ်များ        တက်ရောက်ကြ ကြောင်း သိရသည်။   


သတင်းစဉ်