တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်လျှင် တောင်သူဝင်ငွေသုံးဆရနိုင်သည့် အခွင့်အရေးကောင်းဖြစ် ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်ပတ်သက်သူများ၏ ဝင်ငွေလည်း တိုးတက်လာမည်

 

နေပြည်တော်   ဇန်နဝါရီ   ၃၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန် နေ့က ပဲခူးတိုင်းဒေသကြီး ဝက်ထီးကန် ကောက်ပုံကွင်းကျေးရွာတွင် ECterra Agriculture Co.,Ltd. (Shwe Pyi Myay) က ကျင်းပသည့် မြေပဲ ၂၂၇ ဧက တစ်ဆက်တစ်စပ်တည်း စိုက်ခင်းရိတ်သိမ်းခြွေလှေ့ခြင်း အခမ်းအနားသို့ တက်ရောက်အားပေးသည်။

 


ဝင်ငွေတိုးတက်လာမည်


အခမ်းအနား၌    လုပ်ငန်းရှင် များ    ဒေသနေတောင်သူများနှင့်  တွေ့ဆုံစဉ်       ဒုတိယဝန်ကြီးက  ဆီထွက်နှုန်းနှင့် ဆီအရည်အသွေးပိုမိုကောင်းမွန်စေရန် ဆီစက်များ အဆင့်မြှင့်တင်  ဆောင်ရွက်ခြင်း နှင့်အတူ ကုန်ကြမ်းလုံလောက်စွာ ရရှိစေရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့         စိုက်ပျိုးရေးကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နိုင်မှ သာ နိုင်ငံတော်အစိုးရက ရည်ရွယ် ဆောင်ရွက်လျက်             ရှိသည့် ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် စားသုံးဆီ တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးကို    လက်တွေ့ အကောင်အထည်ဖော်ပေးနိုင်မည်  ဖြစ်ကြောင်း၊  စိုက်ပျိုးမြေ  တိုးချဲ့ ခြင်းမှာ အကန့်အသတ်များ ရှိနေ သော်လည်း အခြေအနေပေးသည့် ဒေသများတွင်    သီးထပ်စွမ်းအား မြှင့်တင်ပြီး      တစ်ဧကချင်း၏ ထုတ်လုပ်မှု တိုးတက်ရေး ဆောင် ရွက်ပေးခြင်းဖြင့် တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်လျှင် တောင်သူအတွက်  ဝင်ငွေသုံးဆရနိုင်သည့်     အခွင့် အရေးကောင်း         ဖြစ်သကဲ့သို့ ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်  ပတ်သက်သူများ၏        ဝင်ငွေ လည်း   တိုးတက်လာမည်ဖြစ်၍ သက်ဆိုင်သူအားလုံးတို့က  ကျရာ အခန်းကဏ္ဍများက  အားထုတ် ကြိုးပမ်းကြစေလိုကြောင်း ပြော ကြားသည်။

 

 
ကြည့်ရှုအားပေး


ထို့နောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာ ကြသူများသည်  ECterra Agricul- ture Co.,Ltd. (Shwe Pyi Myay) ၏ မြေပဲသီးနှံ ၂၂၇ ဧက တစ်ဆက် တစ်စပ်တည်း      စိုက်ခင်းတွင်  မြေပဲနှုတ်စက်၊ မြေပဲရိတ်ခြွေစက် များဖြင့်     မြေပဲရိတ်သိမ်းနေမှု များကိုလည်းကောင်း၊     ကြံဧက ၁၀၀၀   ကျော်ကို   ကြံရိတ်သိမ်း စက်ဖြင့်      ရိတ်သိမ်းနေမှုကို လည်းကောင်း  ကြည့်ရှုအားပေး ကြသည်။ 

 


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပြည်မြို့နယ် ဆီဆုံ ကုန်းကျေးရွာအနီး  မြောက်နဝင်း ရေလှောင်တမံ၏ တမံကြံ့ခိုင်ရေး ပြုပြင်မွန်းမံနေမှု       ဆည်ရေ သိုလှောင်ထားရှိမှုနှင့်      ပြည်၊ ပေါက်ခေါင်း၊ သဲကုန်းမြို့နယ်များ သို့   ရေပေးဝေနေမှုကို   ကြည့်ရှု စစ်ဆေးကြပြီး ဒုတိယဝန်ကြီးက ဆည်ရေ အလေအလွင့်မရှိစေရေး နှင့် မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ အလေး ထား ဆောင်ရွက်ရန် လိုအပ်ချက် များကို       တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 


ထို့နောက် မကွေးတိုင်းဒေသ ကြီး    အောင်လံမြို့နယ်   ကျီရပ် ကုန်းကျေးရွာအုပ်စုတွင်     စက်မှု လယ်ယာဦးစီးဌာနက    စနစ်ကျ လယ်ယာမြေ  ၁၅၅  ဧက  ဖော် ထုတ်နေမှုကို     လည်းကောင်း၊   ပျဉ်းပင်လှကျေးရွာရှိ    ဒုရင်္ဂဗိုလ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် မိုဘိုင်း ဆိုလာပန့်ဖြင့် စိုက်ပျိုးရေ ပေးဝေနေမှုကို  လည်းကောင်း၊ တောင်တွင်းကြီးမြို့နယ် ဝက္ကသေး ကျေးရွာ တောင်သူဦးသန်းလွင်၏  ပေါင်စနစ်ဖြင့်    ဆောင်းနေကြာ  စိုက်ပျိုးထားရှိမှုကို လည်းကောင်း  ကြည့်ရှု      စစ်ဆေးခဲ့ကြကြောင်း  သိရသည်။               


 သတင်းစဉ်