လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများလည်း သိသိသာသာ ပြောင်းလဲနိုင်မည်

 

နေပြည်တော်  ဇန်နဝါရီ   ၃၁    


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးလှမိုးသည်   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ    ယနေ့   ညနေပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် မဒန်းရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ် တည်ဆောက်ရေးလုပ်ငန်းခွင် ကို    ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ   ဆည်မြောင်း နှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်      ဦးဗိုလ်ဗိုလ်ကျော်နှင့်    တာဝန်ရှိသူ များက    ဆည်ရေပေးဝေမှု၊     ရေသောက်စနစ်နှင့်  အကျိုးပြုဧရိယာများနှင့်  ပတ်သက်၍   ရှင်းလင်း တင်ပြကြသည်။ 

 


မဒန်းရေလှောင်တမံတွင်   ယခုနှစ်       ဝင်ရေ ၇၁ ရာခိုင်နှုန်း သိုလှောင်ထားနိုင်ပြီး မဒန်းရေလွှဲဆည် နှင့် တည်ဆောက်ပြီး ရေသောက်စနစ်မှ ဆောင်းသီးနှံ  မတ်ပဲ ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်းသီးနှံ ဧက ၂၀၀၀ ခန့် စိုက်ပျိုးလျက်ရှိသည်။    ရေသောက်စနစ်    စတင် တည်ဆောက်ဆဲ    ကာလဖြစ်သည့်      ယမန်နှစ်က  နွေစပါး ဧက ၈၀၀ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်  နွေစပါး ဧက ၂၄၀၀ အတွက် စိုက်ပျိုးရေပေးဝေနိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသောက် စနစ်အားလုံး ပြီးစီးပါက စိုက်ပျိုးမြေဧက ၆၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  မဒန်း ရေသောက်စနစ် လက်တံမြောင်း (၅) ရွှေပြည်အေး ကျေးရွာအနီး ရှင်းလင်းဆောင်တွင် မဒန်းရေသောက် စနစ်အတွင်းရှိ ရေအသုံးချသူများအဖွဲ့ (WUG) ဝင်  တောင်သူများ၊ ဒေသနေပြည်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးပြောကြားရာတွင်   နိုင်ငံ၏   အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို စံပြဒေသအဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်လျက်ရှိရာတွင်    စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေးနှင့် လယ်ယာ ထွက်ကုန် အခြေခံကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာ ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံ ထုတ်လုပ်မှု  တိုးတက်စေရန် မျိုးစေ့၊  သွင်းအားစု၊ စိုက်ပျိုးရေနှင့် နည်းပညာရရှိရေးအပြင် စျေးကွက်  နှင့် ချိတ်ဆက်ပေးရေးအထိ မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊     ဌာန ဆိုင်ရာများ၊ ဆက်စပ်အသင်းအဖွဲ့များ ၊ လုပ်ငန်းရှင် များနှင့် တောင်သူတစ်ဦးချင်း ချိတ်ဆက်ဆောင်ရွက် ခြင်းထက် အသင်းအဖွဲ့အနေဖြင့် ချိတ်ဆက်ဆောင် ရွက်ခြင်းက    ပိုမိုထိရောက်နိုင်ကြောင်း၊    သို့ဖြစ်၍ ဧရိယာတစ်ကွင်းတစ်ဆက်တည်းအတွင်းရှိ စိတ်တူ ကိုယ်တူ   တောင်သူများ   စုပေါင်းပြီး    လယ်ယာ ကုန်ထုတ်သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက် ကြစေလိုကြောင်း၊       စုပေါင်း      မတည်ငွေဖြင့် တောင့်တင်းခိုင်မာသည့်   ရင်းနှီးမြှုပ်နှံမှု၊   အရည် အသွေးတူ၊ အမျိုးတူသီးနှံကို တစ်အုပ်တစ်မ စိုက်ပျိုး ထုတ်လုပ်မှုများကြောင့်   လက်ကားစျေးကွက်ကို တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်၍  စျေးကွက်သေချာမှု ရှိရုံသာမက ကုန်သွယ်မှုအဆင့် လျှော့ချနိုင်မှုနှင့်အတူ ဈေးကွက်ဝေစုအကျိုးအမြတ်လည်း    ခံစားနိုင်ကြ မည်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းတိုးရေးအတွက်  ခေတ်မီ   စိုက်ပျိုးမှုနည်းစနစ်  ပြောင်းလဲကျင့်သုံး သကဲ့သို့ လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု  လုပ်ငန်းများကိုလည်း ခေတ်စနစ်နှင့်အညီ ပြောင်းလဲ ဆောင်ရွက်နိုင်မှသာ တောင်သူများ၏ လူမှုစီးပွား ဘဝများလည်း သိသိသာသာ ပြောင်းလဲနိုင်ကြမည် ဖြစ်၍  မိမိတို့အားလုံး  ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

 


ထို့နောက်  ရေအသုံးချသူများအဖွဲ့ (WUG) ဝင်  တောင်သူများ၊ ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး  က ဆည်ရေကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ တစ်ပိုင် တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ဖြည့်စွက်ဆွေးနွေးပြီး ဒေသ၏ လိုအပ်ချက်များ ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့်    ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်