
ရန်ကုန် ဇန်နဝါရီ ၃၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေး အားပေးဆောင် ရွက်သွားရန် လမ်းညွှန်မှုပြုခဲ့ သဖြင့် ဗဟိုအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းခဲ့သည်။
ထိုသို့ ဖွဲ့စည်းပြီးနောက် စိတ်ပါဝင်စားသည့်ကုမ္ပဏီ ၂၆ ခုမှ လာရောက်တွေ့ဆုံပြီး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လှိုင်မြို့နယ်ရှိ Chin Dwin Shan Construction Co., Ltd. မှ လူစီး ၂၀နှင့် တက္ကစီ ၁၀စီး၊ ဗဟန်း မြို့နယ်ရှိ NPK Motors MG Myanmar Co., Ltd. တို့မှ တက္ကစီ ၁၀ စီးတို့အား မြန်မာနိုင်ငံသို့ပထမ အကြိမ်တင်သွင်းခဲ့ရာ လှိုင်မြို့နယ် ရှိ ကားအရောင်းစင်တာသို့ ရောက်ရှိလာသော လျှပ်စစ်သုံး ယာဉ်များကို ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသ ကြီးဝန်ကြီးများက သွားရောက် ကြည့်ရှုလေ့လာကြရာ ကုမ္ပဏီ တာဝန်ရှိသူများက လျှပ်စစ်သုံးယာဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ကားအရောင်းစင်တာသို့ရောက်ရှိ လာသည့် လျှပ်စစ်သုံးတက္ကစီယာဉ် များနှင့်လူစီးယာဉ်များကို ကြည့်ရှု လေ့လာကြသည်။ ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက လျှပ်စစ်သုံး ယာဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်သုံးယာဉ် အသုံးပြုမှုအတွက် အခွန်အခ ကင်းလွတ်ခွင့်များ၊ အခြားသက်သာ ခွင့်များ၊ ပြည်တွင်း၌လျှပ်စစ်သုံး ယာဉ်များ တွင်ကျယ်စွာ အသုံးပြု နိုင်ရေး ကနဦးရှေ့ပြေးစီမံကိန်း ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံး ယာဉ်ကဏ္ဍတွင် ဆောင်ရွက်လို သည့် ကုမ္ပဏီများမှ တင်ပြသည့် အဆိုပြုလွှာများကို စိစစ်၍ လျှပ်စစ်သုံးယာဉ်များ တင်သွင်း အသုံးပြုနိုင်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အများသုံး Level-3 အဆင့် Charging Station များအား ဈေးဝယ်စင်တာ များ၊ ဘတ်စ်ကားမှတ်တိုင်များ၊ Car Parking နှင့် အခြားသင့်လျော် သည့် နေရာများတွင် တည်ဆောက် နိုင်ရေး၊ ရေရှည်တွင် လျှပ်စစ် ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ကို ပြည်တွင်း၌ ထုတ်လုပ်နိုင် ရေးနှင့် ဦးစားပေးမြှင့်တင်သည့် ရင်းနှီးမြှုပ်နှံကဏ္ဍတွင် ထည့်သွင်း ထားရှိရေးတို့ကို ပြောကြားသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)