ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၃၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။                                                                                               

 


အစည်းအဝေးသို့   ယာယီသမ္မတ  ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်၊   နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝဏ္ဏမောင်လွင်၊  နယ်စပ် ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊  အထူးဖိတ်ကြားထား သည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေ ရေးရာဝန်ကြီးဌာန            ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်   ဒေါက်တာ   သီတာဦး တက်ရောက်ကြပြီး   ဒုတိယသမ္မတ   ဦးဟင်နရီ ဗန်ထီးယူအနေဖြင့်   ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြား ခဲ့သည်။

 


အကျယ်တဝင့် ရှင်းလင်းပြောကြား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ      အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများနှင့် အဆိုပါမဲမသမာမှု များကို တာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို   အဓမ္မနည်းဖြင့်   ရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့်   နိုင်ငံတော် တစ်ဝန်းလုံးကို   အရေးပေါ်အခြေအနေကြေညာခဲ့ ရသည်အထိ ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅) ရပ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသစ်  ဖွဲ့စည်း၍ မဲစာရင်းစစ်ဆေးခဲ့မှုနှင့် စစ်ဆေး တွေ့ရှိမှု အခြေအနေများ၊ မဲမသမာမှုတွင် တာဝန်ရှိသူ များကို အရေးယူဆောင်ရွက်ခဲ့မှု  အခြေအနေများ၊ NLD     ပါတီဥက္ကဋ္ဌနှင့်      သမ္မတဟောင်းတို့က ပြည်ထောင်စုရွေးကောက်ပွဲ         ကော်မရှင်အပေါ် တိုက်ရိုက်နှင့်သွယ်ဝိုက်   ဖိအားပေးဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေ များ၊    နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်  ကြိုးပမ်းဆောင်ရွက်ခဲ့ သည့် အခြေအနေများ၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်များပေးခဲ့သည့် အခြေ အနေများ၊ နောင်လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်း များ   မှန်ကန်မှုရှိစေရေး    ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီး ရမိမှုအခြေအနေများ၊   အကြမ်းဖက်အုပ်စုများဖြစ် သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ   အကြမ်းဖက်သမားများ၏  အကြမ်းဖက် လုပ်ရပ်များနှင့်           အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများကြောင့်  အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်း များ      ပျက်စီးဆုံးရှုံးခဲ့ရမှု     အခြေအနေများနှင့် နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်း ဖက်မှုနည်းလမ်းများဖြင့် ရယူရန်ကြိုးပမ်းလုပ်ဆောင် လာမှုအခြေအနေများကို အကျယ်တဝင့်  ရှင်းလင်း ပြောကြားသည်။

 


ဝိုင်းဝန်းသုံးသပ်ဆွေးနွေး


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီအဖွဲ့ဝင်များ၊  အထူးဖိတ်ကြားထားသူ များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။

 


ထုတ်ပြန်ပေးသွားမည်


ယာယီသမ္မတအပါအဝင်  တက်ရောက်လာသူ အားလုံးက    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက် ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိ သော်လည်း  နိုင်ငံတော်ကို  အလုံးစုံပျက်သုဉ်းစေလို သည့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့်          အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်   ဗုံးခွဲတိုက်ခိုက်ခြင်း၊   ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကျပ်ကိုင်ခြင်း တို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာ ကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်း များဖြင့်  ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သော   အခြေအနေတွင်   ရှိနေဆဲဖြစ် သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်းနှင့် လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက  ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်