
နေပြည်တော် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်း သွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့တွင် မြောင်းမြမြို့နယ် စကားမြားကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၁၁၉၇ ဦးကို ၎င်းကျေးရွာ ရှိ မဟာရုံကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၄၁၉ ဦး၊ ခွဲစိတ်ရောဂါ ၆၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၂၈၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၄၉ ဦး၊ မျက်စိရောဂါ ၉၈ ဦးနှင့် သွားရောဂါ ၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၄၃ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၈ ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများနှင့် ဓာတ်မှန်ရိုက်လူနာ ခြောက်ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၇၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၄၃ ဦးတို့ကို ရောဂါ ရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာ များအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်