မြို့နယ်များ၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

 

မန္တလေး    
မန္တလေးမြို့    အောင်မြေသာစံမြို့နယ်ရှိ    နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမ ၌      ဆရာတော်ကြီးများကအတွင်း       အောင်ခြင်း ရှစ်ပါးပါဠိတော်၊  အပြင်အောင်ခြင်းရှစ်ပါးပါဠိတော် နှင့် ဓဇဂ္ဂသုတ်တရားတော်များ   ရွတ်ပွားပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့က       အတွင်းအောင်ခြင်းရှစ်ပါးနှင့် အပြင်အောင်ခြင်းရှစ်ပါး    လင်္ကာရွတ်ဆိုပူဇော်ခြင်း အခမ်းအနားကို    ဇန်နဝါရီ   ၂၇    ရက်က    ကျင်းပရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ် ဒေါက်တာဘဒ္ဒန္တကေသရအမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၈ ပါး  ကြွရောက်ချီးမြှင့် တော်မူကြပြီး  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊  တိုင်းဒေသကြီးဝန်ကြီးများနှင့်  တာဝန် ရှိသူများ၊    ဖိတ်ကြားထားသူများ    တက်ရောက်ကြ သည်။
ဦးစွာဆရာတော်များအား အရုဏ်ဆွမ်းဆက်ကပ် ပြီးနောက်        ဘွဲ့နှင်းဓမ္မာရုံ၌     အခမ်းအနားကို ဆက်လက်ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆရာတော်များအား  လှူဖွယ်ပစ္စည်း များနှင့်        နဝကမ္မဝတ္ထုငွေများကပ်လှူပြီးနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်   (မန္တလေး) ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဆရာတော် ၁၈   ပါးက     အတွင်းအောင်ခြင်းရှစ်ပါး၊     အပြင် အောင်ခြင်းရှစ်ပါးနှင့်     ဓဇဂ္ဂသုတ်တရားတော်များ ရွတ်ပွားကြပြီး  ဝတ်ရွတ်အသင်းအဖွဲ့များက အတွင်း အောင်ခြင်းရှစ်ပါးနှင့်        အပြင်အောင်ခြင်းရှစ်ပါး လင်္ကာတို့ကို ရွတ်ဆိုပူဇော်ကြသည်။    သတင်းစဉ်

 

ဥတ္တရသီရိ 
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိ မြို့နယ်အတွင်း   ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍   အတွင်းအောင်ခြင်းရှစ်ပါးပါဠိတော်၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါ အဝင် အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ပဋ္ဌာန်း ဒေသနာတော်များအား    ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရိ ၂၈ ရက်က  မြို့နယ်အတွင်းရှိ  ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၌ ဆက်လက်ရွတ်ဖတ် ပူဇော်ကြသည်။ 
ထိုသို့ရွတ်ဖတ်ပူဇော်ရာတွင် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု    ကျွဲရှင်းကျေးရွာ   မဏိ ဇောတိက     ကျွဲရှင်းဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ မင်းကုန်းကျေးရွာအုပ်စု ဆည်ဦး ကျောင်းတိုက်တွင်လည်းကောင်း၊     မောင်းရမ်း ကျေးရွာအုပ်စု မောင်းရမ်းကျေးရွာ သိန္တိသုခကျောင်း တိုက်တွင်လည်းကောင်း        ရွတ်ဖတ်ပူဇော်ခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်    ဦးမြင့်စိုးနှင့်အဖွဲ့၊ ဌာနဆိုင်ရာ ဝတ်ရွတ်အသင်းများနှင့် ဒေသခံပြည်သူ များက  မြို့နယ်အတွင်း တစ်ချိန်တည်း  ရွတ်ဖတ် ပူဇော်ကြပြီး     ဆရာတော်   သံဃာတော်များအား လှူဖွယ်ပစ္စည်းများ     ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)

နောင်ချို  
ရှမ်းပြည်နယ်        (မြောက်ပိုင်း) နောင်ချိုမြို့နယ်၌    အန္တရာယ် ကင်း     ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၆ ရက်က        မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန    အားမာန် ခန်းမ၌ ပြုလုပ်သည်။  
ပရိတ်တရားတော်များ ရွတ် ဖတ်ပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့်    အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများမှ   တာဝန်ရှိသူများ တက်ရောက်ပြီး    မြို့နယ်   အထွေထွေအုပ်ချုပ်ရေး    ဦးစီးဌာန         ဝတ်ရွတ်အသင်းက  နမောတဿ   သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို      ဖွင့်လှစ်ပေး သည်။    ဆက်လက်၍ ဟော်တော် ဘုန်းတော်ကြီးကျောင်း  ကျောင်း ထိုင်     ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ် အတွင်းရှိ ကျောင်းထိုင်ဆရာတော်    သံဃာတော်များက    ဓဇဂ္ဂသုတ်၊      ပရိတ်တရားတော်များနှင့်  အပြင် အောင်ခြင်းရှစ်ပါး၊        အတွင်း အောင်ခြင်းရှစ်ပါးတို့ကို    ရွတ် ပွားပူဇော်ကြပြီးနောက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက     လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။      
  ထွေးငယ်(ပြန်/ဆက်)

မင်းဘူး  
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဝတ်အသင်းအဖွဲ့များက ဇန်နဝါရီ ၂၇ ရက်က  အတွင်း အောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး၊ ဓဇဂ္ဂ သုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော် များနှင့် ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော် ခြင်း၊ အရပ် ၁၀ မျက်နှာအား မေတ္တသုတ်တော်လာ မေတ္တာပွားနည်း ၁၁ နည်းဖြင့် ဆုတောင်းမေတ္တာပို့သ ၍ ကောင်းမှုကုသိုလ်အစုစုတို့အား အမျှပေးဝေကြသည်။
အလားတူ မင်းဘူး(စကု)မြို့နယ်အတွင်း ရပ်ကွက် နှင့် ကျေးရွာများတွင်လည်း အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော် ကုသိုလ်ပြုလျက် ရှေးဟောင်းစေတီပုထိုးများတွင်လည်း စုပေါင်းသန့် ရှင်းရေးပြုလုပ်ကြပြီး ထုံးသင်္ကန်းကပ်လှူကြကြောင်း သိရသည်။ 
ဇေယျာထက်(မင်းဘူး) 
 

ဟိုပန်
“ဝ”  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟိုပန်ခရိုင်       ဟိုပန်မြို့နယ်၌ အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင် အောင်ခြင်းရှစ်ပါး    ပါဠိတော်နှင့် အန္တရာယ်ကင်း    ပရိတ်တရား တော်များ     ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၆ ရက်က ဟိုပန်မြို့ ရဌပါလကုန်းတော် လေးမျက်နှာ ဘုရားရင်ပြင်ရှိ သီရိရတနာ ဓမ္မာရုံ ၌ ကျင်းပရာ  “ဝ”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း  စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး  ဦးထွန်းထွန်းဝင်း နှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်စိုးတင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့         ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်  ဇနီးနှင့်ဝတ်ရွတ် အသင်းအဖွဲ့များက  သံဃာတော် များထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော်သံဃာ တော်များက အတွင်းအောင်ခြင်း ရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး နှင့်    မေတ္တသုတ်၊     ဓဇဂ္ဂသုတ် အန္တရာယ်ကင်း ပရိတ်တရားတော် များကို     ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍  ပင့်ဖိတ်ထား သည့်    ဆရာတော်သံဃာတော် များအား    အတွင်းရေးမှူးနှင့် အဖွဲ့က  နဝကမ္မလှူဖွယ်ဝတ္ထုများ   ဆက်ကပ်         လှူဒါန်းခဲ့ကြပြီး  ဝတ်ရွတ်အသင်း       အဖွဲ့များက အပြင်အောင်ခြင်းရှစ်ပါး လင်္ကာ နှင့် ဓဇဂ္ဂသုတ်တော် ပရိတ်တရား တော်ကို ရွတ်ဖတ်ပူဇော်ကြသည်။            
ဇင်ဇင်(ပြန်/ဆက်)

မြိတ်      
တနင်္သာရီတိုင်းဒေသကြီး    မြိတ်မြို့ရှိ     ရပ်ကွက်/ကျေးရွာအသီးသီးတွင် စေတီတော်များ၊ ဘုန်းတော် ကြီးကျောင်းများ၊ ဓမ္မာရုံများ၌ ဆရာတော်၊  သံဃာ တော်၊ သီလရှင်နှင့် ဝတ်အသင်းအဖွဲ့များက အတွင်း အောင်ခြင်းရှစ်ပါး၊        အပြင်အောင်ခြင်းရှစ်ပါး ပါဠိတော်နှင့် ဓဇဂ္ဂသုတ်ပရိတ်တရားတော် ရွတ်ပွား ပူဇော်လျက်ရှိရာ  လှည်းဘီးပရိယတ္တိစာသင်တိုက်၌ ဇန်နဝါရီ ၂၇ ရက်က  နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တလာသန ဆရာတော်အမှူးပြု၍ သံဃာတော်များက      အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး  ပါဠိတော်နှင့် ဓဇဂ္ဂသုတ် ပရိတ်တရားတော်များ     ရွတ်ပွားပူဇော်ကြပြီး တောကျောင်းပရိယတ္တိ စာသင်တိုက်တွင်လည်း သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော် များ ရွတ်ပွားပူဇော်၍   ဧည့်ပရိသတ်အပေါင်းတို့က  နာယူကြည်ညိုပူဇော်ကြသည်။
အလားတူ    မြိတ်မြို့နယ်အတွင်း     ရပ်ကွက်/ကျေးရွာ အသီးသီးတွင်လည်း ဓမ္မာရုံများ၊ ရပ်ကွက်/ကျေးရွာရုံးများနှင့် ဌာနဆိုင်ရာရုံးများ၌ သီလရှင်များ၊ ဝတ်အသင်းအဖွဲ့များဖြင့် အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး ပါဠိတော်နှင့်  ဓဇဂ္ဂသုတ် ပရိတ်တရားတော်များ အသီးသီးရွတ်ဆိုပူဇော်ကြကာ  မြိတ်မြို့ပေါ်ရှိ ရှေးဟောင်းဘုရား/စေတီမျာတွင်လည်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြပြီး      ထုံးသင်္ကန်း ကပ်လှူကြကြောင်း သိရသည်။ ခိုင်ထူး(ပြန်/ဆက်)

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိမ် ကုန်းဒေသတွင် ရှေးမင်းအဆက် ဆက်နှင့်         ရှမ်းစော်ဘွားများ တည်ထား  ကိုးကွယ်ခဲ့ကြသည့်  ရှေးဟောင်းဘုရား၊   စေတီပုထိုး များသို့ လာရောက်ဖူးမြော်ကြသည့်   ရဟန်းရှင်လူပြည်သူများ စိတ် နှလုံးအေးချမ်းစွာ တရားဘာဝနာ ပွားများနိုင်စေရေး     အတွက် ဇန်နဝါရီ ၂၇ ရက်က ထုံးသင်္ကန်း ကပ်ခြင်းနှင့် ဘုရား ပတ်ဝန်းကျင် သန့်ရှင်းရေး    လုပ်ငန်းများကို ဆောင်ရွက်စဉ်။     စိုင်း(သီပေါ)