
ယခုသီတင်းပတ်အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်၌ ကြက်သွန်နီ၊ အာလူးဈေးနှုန်းပြောင်းလဲမှုနည်းကာ ငရုတ်၊ ကြက်သွန်ဖြူ နှင့် ကုလားပဲခြမ်း ဈေးကျလာသည်။ ရှမ်းကြက်သွန်ဖြူနှင့် စားအုန်းဆီ ဈေးတက်လာသည်။
ဆန်
ဈေးနှုန်းအတက်ကြမ်းခဲ့သည့် ရန်ကုန်ဆန်ဈေးကွက်အတွင်း ဇန်နဝါရီ ၂၅ ရက်တွင် ဆန်ကွဲ(Ex)အကြီး တစ်အိတ် ကျပ် ၄၀၅၀၀-၄၁၅၀၀၊ ၂-၃-၄ ဆန်ကွဲ အသေးတစ်အိတ် ကျပ် ၄၀၀၀၀ - ၄၁၀၀၀၊ ဆင်းသုခဆန်ကြမ်း အသစ်တစ်အိတ် ကျပ် ၄၆၀၀၀၊ ရက် ၉၀ ဆန်ကြမ်း အသစ်တစ်အိတ် ကျပ် ၄၈၀၀၀-၄၉၀၀၀၊ အဟောင်း ကျပ် ၅၅၀၀၀-၆၀၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်းဆန်အသစ် လက်ကားဈေးမှာ ရွှေဘို ကျပ် ၇၈၀၀၀-၈၄၀၀၀၊ ပုသိမ်-မြောင်းမြ အိမ်အရောက်ပို့ လက်လီ တစ်အိတ် ကျပ် ၇၄၀၀၀၊ ဖျာပုံ လက်လီ ကျပ် ၇၂၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်းဆန်အဟောင်း တစ်အိတ်ဈေးမှာ ရွှေဘိုကျပ် ၉၅၀၀၀-၁၀၇၀၀၀၊ ပုသိမ် မြောင်းမြ အိမ်အရောက်ပို့ လက်လီတစ်အိတ် ကျပ် ၈၀၀၀၀၊ ဖျာပုံ လက်လီ ကျပ် ၇၈၀၀၀ နှုန်း ရှိသည်။
စားအုန်းဆီ
ဇန်နဝါရီ ၂၃ရက်မှ ၂၉ ရက်အထိ ရန်ကုန်အထိုင် အခြေခံရည်ညွှန်း လက်ကားဈေး စားအုန်းဆီ တစ်ပိဿာ ကျပ် ၄၄၄၀ ဖြစ်ရာ ယခင်အပတ် နှင့် ဈေးနှုန်းအတူတူဖြစ်နေသည်။ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ဆီကန်အချို့မှ ဆီထုတ်ယူရာတွင် အခက်အခဲရှိ၍ ရန်ကုန်ဆီဈေးကွက် တွင် ဈေးနှုန်းများ တစ်ပိဿာ ကျပ် ၆၅၀၀ အထက်တွင်ရှိနေသည်ဟု သိရသည်။
ဇန်နဝါရီ ၂၅ ရက် ရန်ကုန်ညောင်ပင်လေး ဆီဈေးကွက်တွင် အလှယ်လက်ငင်း ဆီတစ်ပိဿာ ကျပ် ၆၆၀၀ နှုန်း၊ မန္တလေးတွင် ကျပ် ၆၇၀၀ နှုန်းရှိလာသည်ဟု သိရသည်။ ဇန်နဝါရီ ၂၅ ရက်တွင် ဆီထုတ် DO စာရွက် တစ်ပိဿာဈေး ကျပ် ၆၄၅၀ နှုန်း ရှိခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ဆီတန်ချိန် ကိုးထောင်ဝန်းကျင် ပြည်တွင်းသို့ အဝင်ရှိခဲ့ပြီး ပြည်ပစျေးနှင့် ပြည်ပသုံးငွေလဲလှယ်နှုန်းတို့ အပြောင်းအလဲပေါ်မူတည် ထုတ်ပြန်အသိပေးနေသာ ရည်ညွှန်းဈေးလည်း မပြောင်းလဲသည့် ယခု ရက်ပိုင်းတွင် စားအုန်းဆီပြင်ပဈေးကွက် ဈေးနှုန်းသည် မြင့်နေဆဲရှိသည်။
ပဲ
ဇန်နဝါရီ ၂၅ရက်တွင် မတ်ပဲ (FAQ/ RC) တစ်တန် ကျပ် ၁၆၉၀၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၁၉၂၀၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၁၈၂၅၀၀၀၊ ပဲတီစိမ်းခရမ်းရွှေဝါ (ထိပ်စ) တစ်ပိဿာ ကျပ် ၂၈၀၀- ၂၉၂၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၀၀၀-၄၃၀၀ နှုန်းရှိသည်။
ကြက်သွန်နီ
ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ ရန်ကုန်ဈေးကွက်သို့ နယ်စုံ ကြက်သွန်နီ ပိဿာချိန် ၆၀၀၀၀၀ ဝင်ရောက်လာသည်။ ဇန်နဝါရီ ၂၅ ရက်တွင် တစ်ပိဿာလက်ကားဈေးနှုန်းများမှာ မြင်းခြံ ကျပ် ၁၆၅၀- ၁၈၅၀-၁၆၀၀-၁၆၀၀၊ ဆိပ်ဖြူ ကျပ် ၁၇၀၀-၁၈၅၀-၁၈၀၀-၁၈၀၀၊ မြစ်သား ကျပ် ၂၁၀၀-၂၄၀၀-၂၃၅၀-၂၂၀၀ နှုန်းရှိသည်။ နယ်ဈေးကွက် ပခုက္ကူကုန်စည်ဒိုင်တွင် ဇန်နဝါရီ ၂၅ ရက်က တစ်ပိဿာ အမြင့်ဆုံး ဈေး ၁၆၇၅ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်တွင် ကျပ် ၁၅၀၀ ရှိပြီး မန္တလေး ဈေးကွက်တွင် မြစ်သားကြက်သွန်နီ အမြင့်ဆုံး တစ်ပိဿာ ကျပ် ၂၀၀၀ နှုန်း ရှိနေသည်။
ကြက်သွန်ဖြူ
ဇန်နဝါရီ ၂၅ ရက်တွင် တစ်ပိဿာ ကျပ် ၅၁၀၀-၅၈၀၀-၆၁၀၀-၆၃၀၀ နှုန်းသို့ ဈေးတက်လာသည်။ သို့သော် ကြူကုတ် ကြက်သွန်ဖြူ လက်ကား တစ်ပိဿာ ကျပ် ၃၆၀၀ နှုန်းသာရှိသည်။
ငရုတ်
ငရုတ်ဈေးနှုန်းများကျလာရာဇန်နဝါရီ ၂၅ ရက်တွင် တစ်ပိဿာ လက်ကားဈေးနှုန်းများမှာ မြှားနီဟင်္သာတနယ်ထွက် ငရုတ်ရှည်အသစ် ကျပ် ၁၁၅၀၀-၁၂၀၀၀၊ ပန်းရဲငရုတ်ရှည်အသစ် ကျပ် ၁၁၀၀၀၊ မအူပင် ရေလဲနယ်ထွက် မိုးထောင်ငရုတ် အတောင့်ကြီး ကျပ် ၁၁၀၀၀၊ နယ်စုံ မိုးထောင် ကျပ် ၁၁၅၀၀၊ ရှမ်းငရုတ်ရှည်အသစ် ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွအသစ် ကျပ် ၁၅၀၀၀-၁၆၀၀၀ နှုန်းရှိသည်။
အာလူး
ဇန်နဝါရီ ၂၅ ရက် ရန်ကုန်ဈေးကွက်တွင် အာလူးဈေးနှုန်း အပြောင်းအလဲနည်းသည်။ ရှမ်းအောင်ပန်းအာလူး လက်ကား တစ်ပိဿာ ကျပ် ၁၇၅၀-၁၈၅၀-၁၈၅၀-၂၁၀၀ နှုန်းရှိသည်။ တရုတ် အာလူးအဟောင်း အလှစ တစ်ပိဿာ ကျပ် ၂၂၀၀၊ ရိုးရိုးစ ကျပ် ၂၁၀၀၊ အသစ်အနီစမှာ ကျပ် ၂၀၀၀၊ အဖြူသီး (ဖြူညိုညိုအရောင်) အလုံးလတ် ကျပ် ၁၈၀၀ နှုန်း ရှိသည်။ အောင်ခင်နိုင်