
မူဆယ် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၌ ဇန်နဝါရီ ၂၅ ရက်မှ စ၍ နယ်စပ်သွားလာခွင့်လက်မှတ် (BP) စာအုပ်များ စတင် လုပ်ဆောင်ပေးနေပြီဖြစ်ပြီး ၂၆ ရက် နံနက်မှစ၍ လူဝင်/ထွက် ဂိတ်များဖြစ်သော ဆင်ဖြူဂိတ် နှင့် နန်းတော်ဂိတ်များမှ တရုတ် နိုင်ငံဘက်သို့ စတင်ဝင်ရောက် နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆင်ဖြူဂိတ်တွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာ့ အာမခံလုပ်ငန်း စသည့်ဦးစီးဌာန များ၏ သက်ဆိုင်ရာ တာဝန်ရှိသူ များက တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် လူနှင့် ယာဉ် များကို စိစစ်စစ်ဆေးမှု ပြုလုပ်ပြီး စတင် ဝင်ရောက်နိုင်ပြီဖြစ် ကြောင်း သိရသည်။ နန်းတော် ဂိတ်တွင်လည်း တစ်ဖက်နိုင်ငံ သို့ ဝင်ရောက်မည့်သူများအား လိုအပ်သော စိစစ်စစ်ဆေးမှု ပြုလုပ်၍ နယ်စပ်သွားလာခွင့် လက်မှတ်(BP) စာအုပ်များ တစ်ပါတည်း ကိုင်ဆောင်ပြီး ဝင်ရောက်နိုင်ပြီဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ စစ်ဆေး ရေး စင်တာများကလည်း လိုအပ် သော စာရွက်စာတမ်းများနှင့် ကျန်းမာရေး ထောက်ခံချက် များကို ကြည့်ရှုစစ်ဆေးလျက်ရှိ ပြီး အဆိုပါ တရုတ်နိုင်ငံဘက် သို့ ဝင်ရောက်သွားလာနိုင်ရန် ဆောင်ရွက်ပေးနေမှုကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့် ထွန်းတို့ ဦးဆောင်သော တာဝန် ရှိသူများက ဇန်နဝါရီ ၂၅ ရက်က သွားရောက် ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)