နိုင်ငံကို ပြန်လည်ရှင်သန်နိုးကြား၊ ခွန်အားသစ်များ မွေးဖွားပေးသူ

၅

 

မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်ဆောင်းပါး

မြင့်မြတ်

 

နိမ့်ပါးနေသည့် ကိုယ့်နိုင်ငံကို  ပြန်လည် တွန်းတင်ပေးနိုင်သူ၊ ပြန်လည်နိုးထစေသူ ခွန်အားသစ်များ ပြန်လည်မွေးဖွားပေးနိုင် သူ စသည်ဖြင့်    ကမ္ဘာ့ခေါင်းဆောင်များစွာ ရှိကြပေမည်။ 
ယနေ့     ရုရှားနိုင်ငံတော်ကြီးတွင် သမ္မတဗလာဒီမာပူတင်လို  ခေါင်းဆောင် မျိုးကို   ဆန်းစစ်သုံးသပ်ကြည့်မိသည်။ အကြောင်းမှာ     ရုရှားနိုင်ငံကို    ယနေ့ ကမ္ဘာ့ထိပ်တန်း    အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်    မြင်ထား၍ဖြစ်သည်။ ယနေ့ရုရှားနိုင်ငံကြီးသည်    ပြိုကွဲသွားခဲ့ သော    ဆိုဗီယက်ပြည်ထောင်စုကြီးကို ပြန်လည်မွေးဖွားရာမှ ဖြစ်တည်လာသော နိုင်ငံဖြစ်သည်။ တစ်ချိန်က လျှမ်းလျှမ်း တောက် မဟာအင်အားကြီး ဆိုဗီယက် ယူနီယံသည် ပြည်ပ ပယောဂ အပါအ၀င် ပြည်တွင်းအထွေထွေ ယိုယွင်းကျဆင်းမှု အမှားများစွာကြောင့်   နိုင်ငံငယ်များ အဖြစ် အစိတ်စိတ်အမြွှာမြွှာ  ပြိုကျသွားရ သည်။ ပြည်ထောင်စုဝင်နိုင်ငံများ ခွဲထွက် ကုန်ပြီးအချို့နိုင်ငံများ  အမေရိကန်ဘက် ယိမ်းကာ အချို့မှာ NATO   အုပ်စုအဖွဲ့ဝင် များ ဖြစ်ကြကုန်သည်။ ကမ္ဘာ့အင်အား ကြီးအဖြစ်မှ ဆုတ်ယုတ်သွားပြီး စီးပွားရေး အင်အား၊            ကာကွယ်ရေးအင်အား အဘက်ဘက်မှ    ချွတ်ခြုံကျသွားခဲ့ရသည့်    ရုရှားနမူနာတစ်ခု  အမှန်ရှိခဲ့ဖူးပါသည်။ 
ကေဂျီဘီ၊ ဝန်ကြီးချုပ်နှင့် သမ္မတအဖြစ် 
ဤတွင်   ဘက်စုံအင်အားနည်းသွား သော နိုင်ငံတော်ကြီးကိုကြည့်၍   ယခင် အမိ ပြည်ထောင်စုရှိ ညီအစ်ကိုနိုင်ငံများ အမေရိကန်ဩဇာခံဘဝ  ရောက်သွားကြ သည့်အဖြစ်ကို    မချိတင်ကဲ    ဝမ်းနည်း နှမျောတမ်းတဖြစ်ရသူက    ယခုရုရှား ဖက်ဒရေးရှင်းနိုင်ငံ အကြီးအကဲဖြစ်နေသူ သမ္မတဗလာဒီမာပူတင်။ ယခင် အရှေ့ ဂျာမနီတွင်        စစ်ဘက်ကေဂျီဘီ ထောက်လှမ်းရေးအဖြစ်    ဗိုလ်မှူးကြီး ရာထူးတွင်     တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။     နိုင်ငံ    ပြိုကွဲပြီးနောက် နိုင်ငံရေးဘက်တွင်     ဆင့်ခေါ်တာဝန် ပေးခြင်းခံခဲ့ရာမှစ၍ ယခုအခါ အသက် ၇၀     ရှိပြီဖြစ်သူ၊    ဘာသာရေးအပေါ် အလေးအနက်    သက်ဝင်ယုံကြည်သူ ရုရှားခေါင်းဆောင်သည်    ဝန်ကြီးချုပ် အဖြစ်  ၁၉၉၉-၂၀၀၀  ပြည့်နှစ်၊     ထိုမှ ၂၀၀၈-၂၀၁၂ ခုနှစ်အထိ လည်းကောင်း၊ သမ္မတအဖြစ် ၂၀၀၀-၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်မှ  ယခုအချိန်အထိလည်းကောင်း တာဝန်ထမ်းဆောင်ဆဲ    ခေါင်းဆောင် တစ်ဦးအဖြစ်      ၎င်းပိုင်ဆိုင်ထားသော စစ်ဘက်၊   နိုင်ငံရေး  အုပ်ချုပ်ရေးဘက် အတွေ့အကြုံများစွာရှိခဲ့သည်ကို မှန်းဆ နိုင်ပါသည်။ 
စစ်ဆင်ရေးများဖြင့် ကျယ်ပြန့်လာသော 
နိုင်ငံတကာဆက်ဆံရေး 
ရုရှားနိုင်ငံ    ခေါင်းဆောင်အဖြစ် တာဝန်ယူရသူများသည်        ၎င်းတို့၏ နိုင်ငံရေး           သက်တမ်းတစ်လျှောက် ပြည်တွင်း   ပြည်ပ    ဖိအားပေါင်းစုံဖြင့် အနိမ့်အမြင့်အတက်အကျများစွာ   ရှိနိုင် သည်သာဖြစ်သည်။     သမ္မတပူတင်မှာ လည်း ထို့အတူပင်။ သမ္မတ/ဝန်ကြီးချုပ် အပေါ် ပြည်တွင်းရှိ   လူထုသဘောထား ဆန္ဒကောက်ယူချက်   ရလဒ်များအရ အမြဲလိုလို အနိမ့်အမြင့်  အတက်အကျ ရှိသည်ကို    တွေ့ရသည်။   အတွင်းအပြင် ဖိအားများကို ကောင်းမွန်စွာ ကိုင်တွယ် နိုင်မှု၊   နိုင်ငံရေးတည်ငြိမ်မှု၊    နိုင်ငံကို စည်းလုံးညီညွတ်အောင်   ဆောင်ရွက် နိုင်မှု၊  စီးပွားရေးတိုးတက်မှုများအပေါ် အခြေခံ၍ အနိမ့်အမြင့်ရှိခြင်းဖြစ်သည်။ 
ပြည်သူများက သူတို့၏ခေါင်းဆောင် အဖြစ်လည်းကောင်း၊ ကမ္ဘာ့ပေါ်ပြူလာ အဖြစ်ဆုံး နိုင်ငံရေးခေါင်းဆောင်အဖြစ် လည်းကောင်း   ဂုဏ်ယူအမွှမ်းတင်ခြင်း ခံရသည့်       ဗလာဒီမာပူတင်သည် နိုင်ငံရေးအရ  ပြည်တွင်းအတိုက်အခံများ ၏   ဆန့်ကျင်ဆန္ဒပြမှုများနှင့် ပြည်ပမှ စီးပွားရေး     ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ဖြေရှင်းနေရသည်က များသည်။ စိန်ခေါ်မှုများစွာကို    ရင်ဆိုင်နေရသည့် ကြားမှ   သူ၏ပထမသမ္မတသက်တမ်း ကာလအတွင်း မှန်ကန်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြင့် နိုင်ငံ၏စီးပွားရေး ကို ယခင်ထက်    ခုနစ်ဆတိုးတက်စေခဲ့ သည်။    ဖက်ဒရယ်အောက်ရှိ     ချေချင်း ပြည်နယ်ခွဲထွက်မှုကို     စစ်ဆင်နွှဲ၍ ဖြေရှင်းနိုင်ခဲ့သည်။ ဂျော်ဂျီယာနှင့် စစ်ပွဲ တွင် အောင်မြင်မှုရခဲ့သည်။   ယူကရိန်းရှိ ကရိုင်းမီးယားကို   ပြန်လည်သိမ်းသွင်း နိုင်ခဲ့သည်။ ဆီးရီးယားအစိုးရ၏   ဖိတ်ခေါ် ချက်အရ ဆီးရီးယားပြည်တွင်းစစ်တွင် အစိုးရကို   ပုန်ကန်သူ    သူပုန်များနှင့် ဂျီဟာဒ် စစ်သွေးကြွများကို   နှိမ်နင်းပြီး ဆီးရီးယားအစိုးရကို   ကယ်တင်ပေးခဲ့ သည်။ 
ယခုကာလမှာတော့    ယူကရိန်း အရှေ့ပိုင်းတွင်   အကန့်အသတ်ဖြင့် တစ်စိတ်တစ်ပိုင်း    အထူးစစ်ဆင်ရေး ကြောင့် ရုရှားနှင့် အမေရိကန်၊ ရုရှားနှင့် နေတိုးအဖွဲ့အကြား   ဆန့်ကျင်ဘက် စီးပွားရေး၊  နိုင်ငံရေး  ပိတ်ဆို့ဟန့်တားမှု များဖြင့်   တင်းမာမှုအရှိန်မှာ   အဆိုးဆုံး အနေအထားတစ်ရပ်ကို    သမ္မတပူတင် ရင်ဆိုင်နေရသည်။ ယခုလက်ရှိ  ရလဒ် အနေဖြင့်တော့      ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြော ရုရှားနွယ်ဖွားတို့နေထိုင် ရာ   ဒေသလေးခုကို         ယူကရိန်း လက်အောက်မှ  လွတ်မြောက်စေခဲ့ပြီး ရုရှားနိုင်ငံနှင့်    တပေါင်းတစည်းတည်း ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။ 
သူတို့၏ အနာဂတ်အတွက် 
အကောင်းမြင်ပေးကြသည့် ပြည်သူများ 
ရုရှားနိုင်ငံ၏    ဒီမိုကရေစီသည်  ဆိုဗီယက်ပြည်ထောင်စု    ပြိုကွဲအပြီး ရှင်သန်နိုးကြွလာသော ဒီမိုကရေစီနိုင်ငံ ကြီးတစ်နိုင်ငံအဖြစ်   ပုံဖော်ခြင်းခံခဲ့ရ သော်လည်း သမ္မတပူတင်၏ခေါင်းဆောင် မှုအောက်တွင်   ယခင်အာဏာရှင်စနစ် ဒုံရင်းသို့သာ ပြန်ဆိုက်သွားပြီဟု ဝေဖန်မှု များ   ရှိနေခဲ့သည်မှာ    ကြာပြီဖြစ်သည်။ သို့သော်   ရုရှားပြည်သူများက သူတို့၏ ခေါင်းဆောင်သည် ၂၀၁၀   ပြည့်နှစ်များ မှစ၍   ယခုအချိန်အထိ    သူတို့ကို လူနေမှုအဆင့်အတန်း  မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခဲ့သူ၊ နိုင်ငံကို ကြီးပွား အောင်   ဆောင်ကြဉ်းပေးနိုင်သူအဖြစ် အကောင်းမြင်ကြသည်။ 
ကမ္ဘာ့အလယ်တွင် ရုရှားနိုင်ငံကြီးကို တင့်တယ်သာယာစေသူ၊ ရှင်သန်နိုးကြား စေသူ၊ သူတို့အနာဂတ်ကို  လှပစေမည့်သူ တစ်ဦးအဖြစ်ဖြင့်    အကဲဖြတ်ကြသည်။ ယခု ရုရှား-ယူကရိန်း   ပဋိပက္ခကိုပင် ကြည့်ပါ။ရုရှားလူထုစစ်တမ်းကောက်ခံသူ ၇၁ ရာခိုင်နှုန်းက ရုရှားတို့ ယခုဆင်နွှဲ နေသော အထူးစစ်ဆင်ရေးကို  ထောက်ခံ ကြကြောင်း   တွေ့ရှိရသည်က     သမ္မတ ပူတင်၏   လုပ်ရပ်အပေါ်      ရုရှားပြည်သူ များ၏  အကောင်းမြင်ထင်မြင်ချက်ကို ပြသခြင်းပင်ဖြစ်သည်ဟု    ကောက်ချက် ချနိုင်ပါသည်။
အဓိက ဝေဖန်သူများမှာ  ရုရှားနိုင်ငံ သမိုင်းကို တလွဲသုတေသနပြုပြီး ရုရှား ခေါင်းဆောင်ကို  လျှော့တွက်လေ့ရှိသော အနောက်အုပ်စုမှ    ဒီမိုကရေစီဘန်းပြ လစ်ဘရယ်များသာဖြစ်သည်ကို  တွေ့ရ သည်။ ထုံးစံအတိုင်း အနောက်အုပ်စုက သူတို့၏     ဆန့်ကျင်ဘက်များအပေါ် တွင်တွင်ကျယ်ကျယ် သုံးနှုန်းလေ့ရှိသည့် အတိုက်အခံများကို ဖိနှိပ်မှု၊ ထောင်သွင်း အကျဉ်းချမှု၊ မီဒီယာဖိနှိပ်မှု၊    လူ့အခွင့် အရေးချိုးဖောက်မှု၊ လာဘ်စားမှု စသည့်  လက်သုံးစကားများပင်       ဖြစ်သည်။ သူတို့သည် သူတို့၏ ဆန့်ကျင်ဘက်များ အပေါ် သုံးသပ်တွက်ချက်ရာတွင် အမှန် မမြင်နိုင်အောင်   သတင်းအမှားများကို အခြေခံတွက်ချက်လေ့    ရှိကြသည်။ ယခုလည်း ရုရှားခေါင်းဆောင်များအပေါ်  အတွက်မှားမှုက ယူကရိန်း ပြည်သူများ အား ပေးဆပ်မှု   ကြီးကြီးမားမား ဖြစ်စေ ခဲ့ပြီး အနောက်အုပ်စုအတွက်ရော၊ ရုရှား အပါအဝင်  ကမ္ဘာကြီးအပေါ်မှာပါ    မလို လားအပ်သော   ဆိုးကျိုးသက်ရောက်မှု များစွာ ရှိစေခဲ့သည်ကို တွေ့နေရသည်။ 
လက်တွေ့နှင့် ထင်ဟပ်၍ ပကတိ မြင်ကွင်းကို ပုံဖော်နိုင်စွမ်းရှိသူ 
ဗလာဒီမာပူတင်သည်       ရုရှား နိုင်ငံတော်ကြီး၏      ပကတိပုံရိပ်ကို ထင်ဟပ်သူဟု မြင်မိသည်။   ဆိုဗီယက် ယူနီယံဘဝမှာ ရုရှားပြည်သူများ ဆင်းရဲ ခဲ့ကြသည်။    အစစအရာရာ     ခေတ် နောက်ကျခဲ့ကြသည်။ ပြည်ထောင်စုကြီးပြိုကွဲသွားသည့်အခါ  မူလနိမ့်ပါးသည့် အခြေအနေအားလုံးက ပို၍ဆိုးရွားသည့် အခြေအနေဘက်   ရောက်သွားသည်။ ပြည်သူတွေ  လုံခြုံမှုကင်းမဲ့သလို   ခံစား ကြရသည်။ ပို၍ဆိုးသည်က   လူငယ်တွေ အနာဂတ်  ပျောက်သွားသည်။   ထိုအရာ များ အားလုံးဖြေရှင်းရမည့် တာဝန်သည် နိုင်ငံခေါင်းဆောင်ဆိုသူများ၏ တာဝန် သာဖြစ်သည်။ ထိုစဉ်က တာဝန်ယူရမည့် သူသည်  ဗလာဒီမာပူတင်       ဖြစ်လာသည်။        ခေါင်းဆောင်ကောင်းတို့မည်သည် နိုင်ငံ အတွက်   မဟာဗျူဟာကျကျ   စဉ်းစား နိုင်စွမ်း    ရှိရမည်ဖြစ်ပြီး အနာဂတ်အမြင် ကို   လက်တွေ့နယ်ပယ်တွင်  ရှင်းလင်းစွာ   ပုံဖော်နိုင်မည့်သူ ဖြစ်ရပေမည်။ သို့ဖြစ်၍ ဤသို့သော  အရည်အချင်းဖြင့်          ပူတင် သည်   ရုရှားနိုင်ငံတော်အတွက်    သူ၏ အနာဂတ်အမြင် Vision ကို ပြည်သူများ က   ပူးပေါင်းပါဝင်  ပံ့ပိုးပေးလာအောင်      ပြည်သူများအပေါ်   လွှမ်းမိုးနိုင်သည့် ဩဇာအရည်အချင်းကို    အသုံးချသွား သည်ဟု   မှန်းဆမိပါသည်။ 
ဤသည်မှာ    နိုင်ငံခေါင်းဆောင် တစ်ဦးအတွက် မရှိမဖြစ်    လိုအပ်သော အရည်အသွေးတစ်ခုပင် မဟုတ်ပါလား။ ရုရှားခေါင်းဆောင်တွင်         ခိုင်မာ အားကောင်းသော    စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (Strong mentality) နှင့် ကိုယ်ပိုင်စွမ်းအား   (Personal   power)ရှိခြင်းက   အန္တရာယ်များသော   အခြေ အနေများတွင်ပင် တာဝန်ကို ရဲရဲယူရဲပြီး တိကျမှန်ကန်သော    ဆုံးဖြတ်ချက်ကို ချနိုင်စွမ်းရှိသည်ဟု    မှတ်ချက်ပြုထား သည်ကိုလည်း   လေ့လာမိသည်။ ထို့ပြင် သမ္မတပူတင်တွင်  Perceptive power ခံစားချက်မှ ကင်းလွတ်ပြီး  ဆုံးဖြတ်ချက် များ ချမှတ်နိုင်စွမ်းရှိကြောင်း ယခုလက်ရှိ ယူကရိန်းစစ်    ဆင်နွှဲမှုကို   လေ့လာ၍ သုံးသပ်နိုင်ပါသည်။  ဆန့်ကျင်ဘက်များ ၏ ပုဂ္ဂလိကဆန်ဆန် အမနာပ တိုက်ခိုက် မှုများမှ ရှောင်ရှား၍  မိမိမူလရည်မှန်းချက် မပျောက်စေဘဲလိုအပ်သလို    စစ်ဆင်ရေး ဆုံးဖြတ်ချက်များ          ချမှတ်နေပုံကို ထောက်ရှု၍လည်း   မှတ်ချက်ပြုခြင်း ဖြစ်ပုံရသည်။
ယဉ်ကျေးမှုစံတန်ဖိုးနှင့် ပြည်သူ့အမြင်ကို 
အခြေခံ၍ ဦးဆောင်သူ 
ရုရှားခေါင်းဆောင်က သူတွေးသမျှ သည် ရုရှားပြည်သူများအတွက်ဖြစ်၍ အမြဲမှန်သည်ဟု    ယူဆထားပုံလည်း ရသည်။ သူ့ကိုယ်သူ ရုရှားပြည်သူများမှ ဆင်းသက်လာသူ၊ ရုရှားသွေးပါသူအဖြစ် တစ်သွေးတည်း  တစ်သားတည်း ခံယူ၍ ရုရှားပြည်သူအတွက်သာ အစဉ်မျက်နှာမူ ရှေးရှုထားသူဖြစ်သည်။     ပြည်သူတို့ လိုချင်တာနှင့် လိုအပ်ချက်အပေါ် အခြေ ခံ၍    ပန်းတိုင်တစ်ခုကို    တိတိကျကျ သတ်မှတ်ပြီး   ပြည်သူနှင့်  ခေါင်းဆောင် အကြား အပြန်အလှန်အထောက်အကူပြု ဟန်ချက်ညီစွာဖြင့်      အပြန်အလှန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြမည်ဟု ခံယူထားပုံရသည်။ 
ပူတင်သည်   နိုင်ငံအတွက် မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ရာတွင် ရုရှား ယဉ်ကျေးမှု၊  ရုရှားစံတန်ဖိုးနှင့်   ရုရှား ပြည်သူတို့၏အမြင်များကို အခြေခံလေ့ ရှိသည်။   ထို့ပြင်     ဗလာဒီမာပူတင်ကို ရုရှားနိုင်ငံနှင့်  ပူတင်၊ ပူတင်နှင့်   ရုရှား ဟူ၍   ခွဲ၍   မရလောက်အောင်လည်း အစဉ်တွဲ၍ မြင်ကြသည်။ အကြောင်းမှာ ပူတင်သည်    ရုရှားလူ့အဖွဲ့အစည်း အားလုံးအပေါ်   အချိန်ပြည့်   လွှမ်းမိုး နိုင်စွမ်းရှိခြင်းနှင့်   နိုင်ငံကို    အစဉ် ဦးဆောင်နိုင်စွမ်းရှိပြီး ဦးဆောင်ချင်စိတ် ရှိခြင်းက  အဓိကဖြစ်မည် ထင်ပါသည်။ ခေါင်းဆောင်မှု သဘောတရားအရ အစဉ် ဦးဆောင်နိုင်စွမ်းရှိခြင်းသည် မိမိကိုယ်မိမိတွန်းအားပေးနိုင်ခြင်း (Self-driving) ကြောင့်   ဖြစ်ပါသည်။ တွန်းအားပေးနိုင် အောင်လည်း    ဉာဏ်ပညာထက်မြက်မှု (Wisdom) ရှိရန်         လိုအပ်သည့်အပြင် စိတ်ပိုင်းရုပ်ပိုင်း    ကျန်းမာသန်စွမ်းပြီး မိမိကိုယ်မိမိ   ယုံကြည်မှုရှိခြင်း   (Self-confidence) ကလည်း  တွန်းအားပေးနိုင် စွမ်းကို အထောက်အကူပြုနေကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ 
ရုပ်ပိုင်းစိတ်ပိုင်း ကြံ့ခိုင်ကျန်းမာပြီး မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိသူ 
ရုရှားခေါင်းဆောင်ထံမှ နောက်ထပ် လေ့လာသင့်သည့်  အရည်အသွေးများ ကား   အဘယ်နည်း။    နိုင်ငံခေါင်းဆောင် တစ်ဦးထံတွင် မရှိမဖြစ် ရှိရမည့်ခံယူချက်၊ အထူးသဖြင့်    ရန်သူပတ်လည်ဝိုင်းနေ သော နိုင်ငံခေါင်းဆောင်ထံတွင်    ရှိကို ရှိရမည့်   စိတ်ဓာတ်... နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ကိုယ့်လူမျိုးအပေါ် သစ္စာ ရှိစိတ်ပင်ဖြစ်သည်။    ထိုထိုစိတ်ဓာတ် မျိုးသည်  ကိုယ့်လူမျိုး  ဒုက္ခရောက်မည့် အရေး၊  သွေးမြေကျမည့်  အရေးဆိုလျှင် ရင်ဆိုင်နိုင်သော     စွမ်းရည်သတ္တိကို ဖြစ်စေသည်။       ဗလာဒီမာပူတင်လို ခေါင်းဆောင်မျိုးသည်   ရုရှားလူမျိုး အားလုံးကို  ပြီးပြည့်စုံစွာ   ကိုယ်စားပြု သည်ဟု    ခံယူထားသူလည်းဖြစ်ရာ ထိုခံယူချက်မျိုးရှိခြင်းသည်  သူ့ပြည်သူ နှင့်    သူ့နိုင်ငံအပေါ်     သစ္စာရှိရှိဖြင့် ချစ်မြတ်နိုးစိတ်ကြောင့်ပင်   ဖြစ်သည်ဟု မှတ်ယူရပေမည်။ 
ရုရှားနိုင်ငံ၏    ခေါင်းဆောင်တစ်ဦး အနေဖြင့် သူ၏ ရုပ်ရည်သွင်ပြင် ဟန်ပန် ကိုယ်အမူအရာသည် ရုရှားနိုင်ငံတွင်းမှာ သာမက ပြင်ပကမ္ဘာမှာလည်း   ဘရန်းဒ် တစ်ခုအဖြစ်    ကျော်ကြားလှသည်ဟု ဆိုပါသည်။ ကမ္ဘာ့စာပေ မဂ္ဂဇင်းများတွင် အကောင်းဆုံး    ကမ္ဘာ့စွမ်းအားရှင်၊ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ် ဖော်ပြခြင်း ခံရဖူးသည်။    ကာယအားပြု တိုက်ခိုက်လှုပ်ရှားရသော ဂျူဒို၊ ဟော်ကီ၊ ရွက်လှေကစားခြင်းများ၊   တောင်တက် ခြင်း ၊ ကျား၊ ဝက်ဝံ စသည့်တိရစ္ဆာန်များနှင့် ယှဉ်ပြိုင်လှုပ်ရှားကစားခြင်းသည် ပူတင် ၏ အနှစ်သက်ဆုံး    အားကစားနည်းများ ဖြစ်သည်။  သူ၏   ရုပ်ပိုင်းစိတ်ပိုင်း ကြံ့ခိုင်မှုမှတစ်ဆင့်    ဖြစ်ပေါ်လာသော အကြောက်အလန့်ကင်းခြင်း၊ ကိုယ့်ကိုယ် ကိုယ်  ယုံကြည်မှုမြင့်မားခြင်း၊   ဩဇာ တိက္ကမကြီးခြင်းစသော   စွမ်းအားများ သည် ရုရှားလူငယ်ထုကို အားကျဂုဏ်ယူ ဖွယ်ရာ စံပြုမော်ဒယ်တစ်ဦးနှယ် ဖြစ်စေ သည်။
“Putinism”အဖြစ်    သူ၏ကျော်ကြား သောစကားလုံးများ၊    ဝေါဟာရများစွာ ရှိခဲ့သည်ကိုလည်း မှတ်သားဖူးပါသည်။ ထို့ပြင်   သူ၏ထင်ရှားကျော်ကြားမှုကို နိုင်ငံတကာက   ဂုဏ်ပြုချီးမြှင့်သော ဆုများ၊   ဘွဲ့များကလည်း    ထပ်ဆင့် အရောင်တင်ပေးလျက်     ရှိသည်ကို  လေ့လာရသည်။ စစ်ဘက်ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးများအပြင် နိုင်ငံရေးသက်တမ်း တစ်လျှောက် နိုင်ငံတကာက ချီးမြှင့်သော အရပ်ဘက်ဆိုင်ရာဆု ၁၄ ခု၊ ဂုဏ်ထူး ဆောင်ဘွဲ့  ရှစ်ခုနှင့် အခြားဘာသာရေး နှင့်   ငြိမ်းချမ်းရေးဆိုင်ရာ   ဆုသုံးခု  ရရှိ ခဲ့ခြင်းက   သူ၏စစ်ဘက်၊   အရပ်ဘက် ထူးချွန်မှုအရည်အသွေးကို  ပြသနေခြင်း ပင် ဖြစ်ပါသည်။ 
အာဏာရှင်အဖြစ် သမုတ်ကြသော်လည်း 
အကောင်းဆုံးပုံစံရနေသည့် ရုရှား 
ရုရှားနိုင်ငံတော်ကြီး     ချီတက်နေ သော ပန်းတိုင်သည်   မည်သို့ပင်ဖြစ်စေ၊ သူတို့၏   နိုင်ငံရေးပုံစံသည်    အာဏာရှင် ပဲဆိုဆို၊ အပြစ်အနာအဆာ မကင်းသော ဒီမိုကရေစီဟုပင်   ဆိုပါစေ    သူတို့ ခေါင်းဆောင်နှင့်    ထိုပြည်သူများ၏ သဘောသဘာဝများ၊    ရုရှားနိုင်ငံကြီး၏ ထူးခြားကျယ်ပြောသော ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး  အခြေအနေများအရ ရုရှားနိုင်ငံ၏   ယခုလက်ရှိအနေအထား သည် အကောင်းဆုံးပုံစံတစ်ခုတွင်  ရှိနေ သည်ဟုသာ   မိမိအမြင်တွင်   မှတ်ယူပါ သည်။   အတော်များများက    ရုရှား ခေါင်းဆောင်ကို အရေးအရာကိစ္စ များစွာ တွင်    သက်ဦးဆံပိုင်ပုံစံ      တစ်ဦးတည်း ဆုံးဖြတ်တတ်သည့်       Autocratic အာဏာရှင်တစ်ဦးအဖြစ်    မြင်ကြသည်။ အမြင်ကျယ်ကာ ဉာဏ်ပညာကြီးမားပြီး အရာရာ စေ့စပ်နှံ့စပ်သူ တစ်ဦးအနေဖြင့် သာ    ပတ်ဝန်းကျင်မှ    လူအများအပေါ် ကောင်းစွာထိန်းချုပ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းဖြစ်မည်ဟု ယူဆပါသည်၊၊ 
သို့သော် ၎င်းအချက်ကို သူ့အတွက် အားသာချက် သို့မဟုတ်  အားနည်းချက် တစ်ခုအဖြစ်လည်း   မြင်နိုင်ပါသည်။ အားနည်းချက်အဖြစ်    မြင်လိုကမြင်နိုင် သည်မှာ   မဟာရုရှားအိပ်မက်ရှိနေသူ ပူတင်အနေဖြင့် တစ်ခါတစ်ရံ  သူ့လုပ်ဖော် ကိုင်ဖက်များအပေါ်      ခြိမ်းခြောက်၍ လွှမ်းမိုးထိန်းချုပ်     တတ်ခြင်းကြောင့် သူ့လုပ်ဖော်ကိုင်ဖက်များက     မပျော် မရွှင်ဖြစ်ပြီး သူ့ကို ကြောက်ရွံ့သွားခြင်းပင်ဖြစ်သည်။သို့သော် သူတို့ခေါင်းဆောင် အပေါ်မှာမူ    ယုံကြည်မှုရှိကြသည်ဟု ဆိုသည်။   မည်သို့ပင်ဖြစ်စေ  ရုရှားနိုင်ငံ သည်    ယခုအခါ      ကမ္ဘာကြီးကို အဆုံး အဖြတ်ပေးနိုင်စွမ်းရှိသော    ထိပ်တန်း နေရာတစ်နေရာကို    ရယူထားခြင်းဖြင့် အားကျဖွယ်ရာ ဖြစ်နေပါသည်။ 
ရုရှားနိုင်ငံ၊    ရုရှားခေါင်းဆောင်နှင့် ရုရှားပြည်သူများအတွက် တည်ငြိမ်မှု၊ စည်းလုံးမှု၊ ကြွယ်ဝတိုးတက်မှုမှာ အသင့် တော်ဆုံး      အခြေအနေတစ်ရပ်တွင် ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံအတွက်   အဓိကလိုအပ် ချက်များမှာလည်း   ၎င်းအချက်များပင် ဖြစ်၍   မတည်ငြိမ်မှု    ပရမ်းပတာနှင့် ဖရိုဖရဲအနေအထားကို     မည်သူကမှ လိုလားကြမည်မဟုတ်ဟု ယူဆပါသည်။ တိုးတက်ရန်အတွက်    တည်ငြိမ်မှုမှာ အရေးကြီးဆုံးဖြစ်၍      လိုအပ်သလို ထိန်းချုပ်ခြင်း၊  တင်းကျပ်စွာ ကိုင်တွယ် ခြင်း   စသည်တို့ကတော့ အတိုင်းအတာ တစ်ခုအထိ ရှိနေရဦးမှာ  ဖြစ်ပါသည်။
ရုရှားနိုင်ငံအနေဖြင့်  သမ္မတဘောရစ် ယဲ့ဆင် နောက်ပိုင်းခေတ်မှာ ကြုံတွေ့ခဲ့ရ သည့် ခါးသီးသော   အဖြစ်အပျက်များ နှင့်တကွ ခေါင်းဆောင်ပူတင်က ထိုစဉ်က ပြိုလဲနေသည့် နိုင်ငံကြီးကို ကယ်တင်ခဲ့ ရသည့်အဖြစ်ကို မေ့ပျောက်နိုင်ကြဦးမည် မဟုတ်ပါ။      ခေါင်းဆောင်ကောင်းတို့ မည်သည်    အကျပ်အတည်းကာလများ တွင်  မိမိအတွေ့အကြုံများမှ  သင်ခန်းစာ ထုတ်ယူပြီး၊ပြဿနာကို ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်စွမ်းရှိရပေမည်။     ထိုစဉ်က  ချေချင်းညာ   ခေါင်းဆောင်တစ်ဦးဖြစ်သူ ရမ်ဇန်ကာဒီရော့ဗ်က ရုရှားခေါင်းဆောင် သည် သူ၏ ရုရှားနိုင်ငံကိုသာ ကယ်တင်ခဲ့ သည်မဟုတ်၊ ငါတို့ ချေချင်းသမ္မတနိုင်ငံ နှင့်      ချေချင်းပြည်သူများကိုလည်း ကယ်တင်ပေးခဲ့သူဟု  ထောက်ခံပြောဆို ခဲ့ဖူးသည်ကို    ထောက်ချင့်ခြင်းအားဖြင့် ဗလာဒီမာပူတင်ဆိုသူသည်  ပြည်တွင်း ပြည်ပပြဿနာများကို    အောင်မြင်စွာ ဖြေရှင်းနိုင်သူ ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုသင့်ကြောင်း     သုံးသပ်မိ ပါသည်။ 
အချုပ်အားဖြင့် ဗလာဒီမာပူတင်ကို ရုရှားနိုင်ငံနှင့်   ပြည်သူများအတွက် မရှိ မဖြစ်    ခေါင်းဆောင်တစ်ဦး၊     ကမ္ဘာ့ ငြိမ်းချမ်းရေးမှာ အရေးပါသူတစ်ဦးအဖြစ် မြင်မိပါသည်။ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်း    တစ်ရပ်ဟုဆိုရမည့် အောင်မြင်မှုသော့ချက်ဖြစ်သည့် SWOT analysis အားသာချက်၊   အားနည်းချက်၊ အခွင့်အလမ်းနှင့် ခြိမ်းခြောက်မှု အချက် လေးချက်ကို ကောင်းစွာခွဲခြမ်းစိတ်ဖြာပြီး အသုံးချနိုင်စွမ်းရှိသူ ရုရှားခေါင်းဆောင် တစ်ဦးအဖြစ်   သုံးသပ်ပြီးလည်း   ဖြစ်ပါ သည်။ ခေါင်းဆောင်တစ်ဦး၏     အမြင် ကျယ်မှု၊    အတွေ့အကြုံ၊  ဉာဏ်ပညာနှင့် လွှမ်းမိုးနိုင်မှု      အရည်အချင်းများက နိုင်ငံတစ်ခုကို         ပုံဖော်ရာတွင် မည်မျှ အရေးပါကြောင်း၊          ရုရှားနိုင်ငံ  တည်ဆောက်မှုနမူနာကို    ကြည့်၍လည်း   သင်ခန်းစာကောင်းစွာ  ရယူသင့်သည်ဟု ထင်မြင်ပါသည်။ 
သို့သော်လည်း     နိုင်ငံခေါင်းဆောင် တစ်ဦးအနေဖြင့်   နိုင်ငံ၏     ပုံရိပ်ကို မည်သို့ပင် မြှင့်တင်ပေးနိုင်စေကာမူ မမြဲ သောသဘောအရ ပြည်သူနှင့်ခေါင်းဆောင် များအကြား ယုံကြည်မှုစသည် အတက် အကျ ရှိနိုင်ပါသည်။ ယနေ့ဖြစ်ပေါ်နေ သော ကမ္ဘာ့အခြေအနေများအရ အကျပ် အတည်း    ပဋိပက္ခများနှင့် လွတ်ကင်း သောနိုင်ငံဟူ၍ မရှိပါ။ ရုရှားနိုင်ငံ၊ ရုရှား ခေါင်းဆောင်များနှင့် ပြည်သူများသည် လည်း  အနည်းနှင့်  အများဆိုသလို ဆိုးကျိုးသက်ရောက်မှုများကို   ခံနေရဆဲ ဖြစ်ပါသည်။ သို့သော် ရုရှားခေါင်းဆောင် နှင့်ပြည်သူများ၏ ခိုင်မာသော စိတ်နေ စိတ်ထား၊ ကောင်းမွန်သော   ကိုယ်ရည် ကိုယ်သွေး       သဘောသဘာဝများ၊ စဉ်ဆက်မပြတ် မွေးထုတ်ပေးနေသော ခေါင်းဆောင်ကောင်းများနှင့် ခေါင်းဆောင် မှု အရည်အချင်းများ၊ ပြည့်ဝသောလူသား အရင်းအမြစ်နှင့် ခိုင်မာသော အခြေခံ အဆောက်အအုံများကို အခြေခံ၍ ယနေ့ ရုရှားပြည်သူအားလုံးသည် ရင်ဆိုင်နေရ သော    အခက်အခဲနှင့်  စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကြားမှ   အခွင့်အလမ်း များကိုရှာဖွေ၍    အားသာချက်များ ဖန်တီးလျက် ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်ကြမည်ဟု       ယုံကြည်ပါကြောင်း ရေးသားလိုက်ရပါသည်။     ။