
နေပြည်တော် ဇန်နဝါရီ ၂၈
အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမအစည်းအဝေးကို ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း (၃၊ ၄၊ ၅၊ ၆) ရက်၊ (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁၊ ၂၂၊ ၂၃၊ ၂၄ ရက်)၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း (၇၊ ၈)ရက်၊ (ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်)၊ စနေ၊ တနင်္ဂနွေနေ့တို့တွင် တေရသမအစည်းအဝေးကြီး ကျင်းပ မည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများသည် တပေါင်းလဆန်း ၂ ရက်၊ (ဖေဖော် ဝါရီ ၂၀ ရက်) တနင်္လာနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေးကို တပေါင်းလဆန်း (၁၀၊ ၁၁၊ ၁၂)ရက်၊ (ဖေဖော်ဝါရီ ၂၈ ရက်၊ မတ် ၁၊ ၂ ရက်)၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများသည် တပေါင်းလဆန်း ၉ ရက်၊ (ဖေဖော်ဝါရီ ၂၇ ရက်)၊ တနင်္လာနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက် ထားပြီးဖြစ်သည်။
ပင့်လျှောက်စာများ အချိန်မီ မရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်ထားပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်