မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များ၌ အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး၊ ဓဇဂ္ဂသုတ်ပရိတ်တော်များ ရွတ်ဖတ်ပူဇော်

 

မြောင်းမြ   ဇန်နဝါရီ   ၂၈
ဧရာဝတီတိုင်းဒေသကြီး   မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များတွင် အေးချမ်း    သာယာစေခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်   အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်း ရှစ်ပါး၊ ဓဇဂ္ဂသုတ်ပရိတ်တရားတော်များ ပါဠိတော်နှင့် မြန်မာပြန်ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့က မြို့နယ် များအတွင်းရှိ   ဘုရားစေတီပုထိုးများ၊   ဘုန်းကြီး ကျောင်းများနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးများ၌ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရ သည်။ ထိုသို့ ရွတ်ဖတ်ပူဇော်ရာတွင် မြောင်းမြမြို့နယ် ၌ ဇေယျမေဒနီပရိယတ္တိစာသင်တိုက်၊ အလယ်တောရ ကျောင်းတိုက်၊ မြို့မစာသင်တိုက်၊ စွမ်းအားပရိယတ္တိ စာသင်တိုက်၊   ဟံသာဝတီ   ကမ္မဋ္ဌာန်းကျောင်းတိုက်   စသည့်ကျောင်းတိုက်များမှ     ဆရာတော်ကြီးများ ဦးဆောင်၍ သံဃာတော် ၂၃၃ ပါး၊ အိမ်မဲမြို့နယ်တွင်  ကျုံတိုင်းမင်းကျောင်းတိုက်၊ အာသောကကျောင်း တိုက်၊   မိုးကုတ်  (၂၉) ကျောင်းတိုက်၊    ကွင်းချောင်း ကျောင်းတိုက်တို့မှ  ဆရာတော်ကြီးများဦးဆောင်၍ သံဃာတော် အပါး ၂၀ နှင့် ဝါးခယ်မမြို့နယ်တွင် ကွမ်းခြံကုန်းကျောင်းတိုက်၊  ကံလှဘုန်းတော်ကြီး ကျောင်း၊ ဒဏ္ခိဏာရုံကျောင်း၊ ကျောင်းသစ်ကျောင်း၊ မြစိမ်းဘုန်းကြီးကျောင်းများမှ  ဆရာတော်ကြီးများ ဦးဆောင်၍ သံဃာတော်  ၂၅  ပါးတို့သည် အဆိုပါ   ကျောင်းတိုက်များတွင် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
မြောင်းမြ(ပြန်/ဆက်)