လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

 

နေပြည်တော်  ဇန်နဝါရီ    ၂၇
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်  အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော  လေဖိအားနည်းရပ်ဝန်းသည်  ဆက်လက်တည်ရှိ နေသည်။ 
အဆိုပါ    လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး ဇန်နဝါရီ  ၂၉ ရက်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ လည်းကောင်း၊  ဇန်နဝါရီ ၃၁ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း    ပိုမိုအားကောင်းလာနိုင်ကာ ဖေဖော်ဝါရီ  ၁ ရက်တွင် ဘင်္ဂလားပင်လယ်အော်  အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည် ဟု ခန့်မှန်းရသည်။                            မိုး/ဇလ