လွတ်လပ်ရေးနေ့ ဥပစာရင်ပြင် မြင်ကွင်းများနှင့်အတူ နှစ်ရာထောင်မက ကမ္ဘာတည်သရွေ့တည်နေမည့် မြန်မာ

Type

 

မိုးကေနိုင်

 

ခမ်းနားသည်၊   ကြီးကျယ်မြင့်မြတ်လှ သည်။ 
ချီးမြှောက်မှု၊ တမ်းတမှု၊ ဂုဏ်ပြုမှု၊ ဂုဏ်ယူမှုတို့ဖြင့်    ပြည့်နှက်နေသော နှစ်သစ်တစ်ခု၏   ဦးဆုံးနေ့   တစ်နေ့၊ ဟေမာန်ဆောင်းဦး   မြူနှင်းထုမှောက် နေရောင်အောက်ဝယ် ရဲရင့်မှု၊  ညီညွတ်မှု တို့နှင့်အတူ လွတ်လပ်မှုကို   ထင်ဟပ် သည့်အလှတရားများ ဆုံဆည်းရာပန်းချီ ကားတစ်ချပ်သဖွယ်၊ ဂျူဘလီ (Jubilee)  ဟု   ရည်ညွှန်းသော   ဂုဏ်ယူဖွယ်ရာ  (၇၅)  နှစ်မြောက်  လွတ်လပ်ရေးနေ့အခမ်း အနားကြီးကား ဆင်ယင်ကျင်းပ အောင်ပွဲခံ ခဲ့ပါပြီ။ 
ကာလသုံးပါးကို ထင်ဟပ်သော အခမ်းအနား 
သမိုင်းတစ်လျှောက် အခမ်းနားဆုံး ဖြစ်ခဲ့သည့် မော်ကွန်းဝင်   ဤစိန်ရတု လွတ်လပ်ရေးနေ့   အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့၍ တိုင်းရင်းသား ပြည်သူအပေါင်းက ဝမ်းမြောက်၀မ်းသာ ဂုဏ်ယူဝံ့ကြွားခဲ့ကြသည်။ ပြီးပြည့်စုံလှ သော လွတ်လပ်ရေးသဘင်ကြီးမှာ စီစဉ် သူ၊ ကြီးကြပ်သူ၊   သက်ဆိုင်ရာကဏ္ဍ အလိုက် ပါဝင်ဆင်နွှဲသူများ၊ တစ်စိတ် တစ်ပိုင်း ပါဝင်ထမ်းရွက်ခဲ့ကြသူများ၊ တီဗီ ဖန်သားပြင်မှသာ   ကျေနပ်ခဲ့ရသူများ၊ အင်တာနက်၊  ယူကျုများကပါ လေ့လာ ကြည့်ရှုခဲ့ကြသူများ အားလုံး၊ အားလုံး က ကျေနပ်ပီတိဖြစ်ခဲ့ကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   အစိုးရအဖွဲ့ တာဝန်ယူခဲ့အပြီး   အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာကြားမှ   အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော   အခမ်းအနားကြီး ဖြစ်၍  ထင်ရှားသော  သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်ခဲ့ပါပြီ။ 
နိုင်ငံအခြေအနေနှင့် အနာဂတ်ကို ထင်ဟပ်သော မိန့်ခွန်း 
ဤလွတ်လပ်ရေးနေ့အခမ်းအနား ကြီးသည်ကား  သမိုင်းကို ပေါ်လွင်စေခဲ့ သည်။  နိုင်ငံ၏ မျက်မှောက်အခြေအနေ များကိုလည်း    ပုံဖော်ပေးနိုင်ခဲ့သလို တိုင်းရင်းသားပြည်သူများ၏  အမြင်များ ကိုလည်း   နားလည်သဘောပေါက်စေခဲ့ ပါသည်။ နိုင်ငံတော်နှစ်ပတ်လည် အခမ်း အနားတစ်ရပ်ဟူသည် လျှောက်လှမ်းနေ သော နိုင်ငံ၏လက်ရှိအခြေအနေ  ပုံရိပ် နှင့် အနာဂတ် အမြင်များကို ထင်ဟပ်စမြဲ ဖြစ်သည်။ လက်ရှိနှင့် အနာဂတ်ကို ထင် ဟပ်သော နိုင်ငံ၏အခြေအနေအရပ်ရပ် ကို  ယင်းနေ့က   အလေးပြုခံနိုင်ငံတော် အကြီးအကဲ၏ ချီးမြှင့်မိန့်ခွန်းတွင် မြင်ရ၊ ကြားရသည်ဖြစ်၍ အရေးကြီးသောမိန့် မှာချက်များကို လေ့လာသုံးသပ်ကြည့်မိ သည်။ 
တိုင်းပြည်စည်းလုံးညီညွတ်မှု မရှိ ချိန်၊ အင်အားချည့်နဲ့ချိန်တွင် လွတ်လပ် ရေး  ဆုံးရှုံးသွားတတ်ပြီး    တိုင်းပြည် အင်အားကို   ပြန်လည်စုစည်းနိုင်သော ခေါင်းဆောင်များ   ပေါ်ထွက်ချိန်တွင် အင်အားရှိပြီး  လွတ်လပ်ရေးတည်တံ့ ခိုင်မြဲပုံကို ခေတ်သမိုင်းနှင့်ယှဉ်၍ ပြော ကြားသွားပုံမှာ သင်ခန်းစာယူစရာ  ဖြစ် သည်။ အသက်နှင့် ခန္ဓာကိုစွန့်လွှတ်၊ ဘဝ နှင့်ချီပြီး ပေးဆပ်ရယူထားရသော အရာ မှန်သမျှ တန်ဖိုးကြီးလှပါသည်။ ညီညွတ်မှု မရှိ၊ အင်အားနည်းလျှင် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်း   ဆုံးရှုံးသွားနိုင် သည့်လွတ်လပ်ရေးကို    အသက်ပေး ကာကွယ်စောင့်ရှောက်ရန်  အရေးကြီးပုံ ကို နိုင်ငံတော်အကြီးအကဲက ထောက်ပြ သွားသည်ကို ဆင်ခြင်နိုင်ရန်လိုပါသည်။ 
မိန့်ခွန်းပါ နိုင်ငံရေးနှင့် အမျိုးသားရေး ရည်မှန်းချက် နှစ်ရပ် 
မိန့်ခွန်းတွင် တိကျပြတ်သားသော ရည်မှန်းချက် နှစ်ရပ်ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။   စစ်မှန်စည်းကမ်း ပြည့်ဝသော   ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာအောင်ပြုလုပ်သွားမည့် ရည်မှန်း ချက်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို    အခြေခံသည့်     ပြည်ထောင်စု တည်ဆောက်မည့် ရည်မှန်းချက် နှစ်ရပ် ဖြစ်သည်။ ထိုပန်းတိုင်များ ရောက်ရှိရေး အရင်းခံလိုအပ်ချက်ဖြစ်သည့် စိတ်ရှည် သည်းခံပြီး နားလည်ခွင့်လွှတ်တတ်သည့် ညီရင်းအစ်ကို  မောင်ရင်းနှမစိတ်ဓာတ် များ ထားရှိရန်ကို နိုင်ငံတော်အကြီးအကဲ က ထောက်ပြခဲ့သည်မှာ လိုက်နာရန် လိုအပ်သည့် အရေးကြီးသောလမ်းညွှန် ချက်ပင် ဖြစ်သည်။ 
ထိုရည်မှန်းချက်များနှင့် သဟဇာတ ဖြစ်ရမည့် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား ရေး   ဦးတည်ချက်    နှစ်ရပ်ကိုလည်း ကြိုးပမ်းတည်ဆောက်နေရမည်ဟု ဆိုပါ သည်။ မြင့်တက်လာနေသော ကမ္ဘာ့စားနပ် ရိက္ခာလိုအပ်ချက်ကို အထောက်အပံ့ ပြုနိုင်မည့် တိုင်းပြည်သာယာဝပြောရေး နှင့်   စားနပ်ရိက္ခာဖူလုံရန်    အရေးကို အလေးထားရန်ပင်  ဖြစ်သည်။    လူမှု စီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသော ပြောကြားချက်များ အဖြစ် မှတ်ယူထိုက်ပါသည်။ 
ဒီမိုကရေစီကို  ခိုင်မာစေချင်လျှင် မျိုးဆက်အလိုက်   လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးက ပဓာနကျပါသည်။ ထို့အတွက် ပညာရေးကို   အလေးပေး   ပြောကြား ခဲ့သလို  လူတိုင်း    လက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစနစ်မှတစ်ဆင့် ပြည်သူများ၏   မျှော်မှန်းသက်တမ်း မြင့်မားရေး ရည်မှန်းချက်ထားပုံနှင့် ဗလ ငါးတန်ဖွံ့ဖြိုးရေးအတွက်   အားကစား ကဏ္ဍကို   ကြိုးစားမြှင့်တင်နေပုံများကို အလေးထား  ပြောကြားခဲ့သည်ကို သတိ ထားမိသည်။ ပြည်တွင်းထုတ်ကုန်မြင့်မား ရေးအတွက်  MSME ကို အလေးပေးမှု၊ စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ကို  မျက်ခြည်မပြတ်ဘဲ သဘာဝ သယံဇာတများကို စနစ်တကျ ထုတ်ယူ သုံးစွဲသွားမည့်အစီအစဉ်များ   ထားရှိပုံ များမှာ  ကမ္ဘာကြည့်   ကြည့်မြင်မှုကို လှစ်ဟ ပြလိုက်ခြင်းပင်ဖြစ်သည်။ 
ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး
စကားကို အပြုသဘောမြင်ရန်လို 
အကြီးအကဲ၏       မိန့်ခွန်းတွင် ပြည်ထောင်စုစိတ်ဓာတ်ကို   ထင်ဟပ် သည့်   စကားလုံးများကို   ကဏ္ဍတိုင်းတွင် ခံစားမိသည်။ အခွင့်အလမ်းတစ်ခုအနေ ဖြင့် နိုင်ငံတကာဆက်ဆံရေးအပိုင်းကို လည်း ဖွင့်ဟမိန့်ကြားခဲ့သည်။ မည်သည့် နိုင်ငံနှင့်မဆို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး   မူကြီးငါးချက်အပေါ်တွင် အခြေခံဆက်ဆံသည်။ ကမ္ဘာ့မိသားစု ဝင်နိုင်ငံဖြစ်သော်လည်း မိမိအမျိုးသား အကျိုးစီးပွား၊  နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအပေါ်တွင်သာ   ရပ်တည် မည်ဖြစ်ကြောင်း သတင်းစကားပါးနိုင်ခဲ့ သည်။
 ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ထာဝရငြိမ်းချမ်းရေးကို    ရည်ရွယ်ပြီး လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို နောက်ထပ်တစ်နှစ် တိုးမြှင့် ထားလိုက်ပြီဖြစ်သည်။ စိတ်ရှည်သည်းခံ မှုနှင့် ညီရင်းအစ်ကို မိသားစုစိတ်ဓာတ် ကို   ထပ်ခါထပ်ခါ    ပြသနေခြင်းပင်ဖြစ် သည်။ နောင်မျိုးဆက်တို့အနေဖြင့် ငြိမ်း ချမ်းရေးကို ထင်ဟပ်သည့်စကားလုံးများ အပေါ် အပြုသဘောမြင်ကြည့်ရန်လိုအပ် မည်ဟု ထင်မြင်မိပါသည်။
ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက် ရာတွင်  ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် အရေးကြီးသော အမျိုးသားရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်သည်ကို အသေအချာမီးမောင်း ထိုးပြသွားသည်။ သို့သော်  အရေးကြီး သည်မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေးပင် ဖြစ်ကြောင်းလည်း ထောက်ပြသွားသည်။ ထို့ကြောင့် နိုင်ငံ ရေးလုပ်ငန်းစဉ်များမှာ ပြည်သူလူထုက ပူးပေါင်းပါ၀င်ကြဖို့ မေတ္တာရပ်ခံခဲ့သည် ကို ကြားသိရသည့်အတွက် လမ်းပြမြေပုံ ပါ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို အခြေခံ၍ ရွေးကောက်ပွဲကို   အလေးအနက်ထား သည်မှာ သိသာလှပါသည်။ 
ယခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့၏ ထူးခြားချက်တစ်ခုမှာ အယူဝါဒခံယူချက် မည်သို့ပင် မတူညီမှုများရှိခဲ့ပါစေ၊ ခေတ် အဆက်ဆက်က    သမိုင်းဝင်ပုဂ္ဂိုလ်ကြီး များကို နိုင်ငံတည်ဆောက်ခဲ့သူများအဖြစ် လေးစားတန်ဖိုးထား၍ ဘွဲ့ထူးဂုဏ်ထူး များ  ချီးမြှင့်နိုင်ခဲ့ခြင်းပင်   ဖြစ်သည်။ ဂုဏ်ပြုထိုက်သူကို   ဂုဏ်ပြုခြင်းဖြင့် ရင်မှာအမြဲတည်ရှိနေကြောင်း သဘော ထားကို   ဖော်ကျူးလိုက်ခြင်း    ဖြစ်ပါ သည်။ 
ညီညွတ်မှုကို အရင်းခံ၍ ကြိုးစား လျှင် ကမ္ဘာတွင် မြန်မာသည် ထိပ်တန်း ရောက်မှာမလွဲ၊ နိုင်ငံတော်ချစ်စိတ် မြန်မာ စိတ်ဓာတ်ဖြင့် ကြိုးစားကြဖို့ မှာကြား လျက် နိုင်ငံတော်အကြီးအကဲက သူ၏ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါသည်။  နိုင်ငံတော် အကြီးအကဲ၏မိန့်ခွန်းသည်     ထာဝရ ငြိမ်းချမ်းရေးယုံကြည်ချက်နှင့် ကြိုးစား တည်ဆောက်ယူမည့်  ခံယူချက်များကို နိုင်ငံချစ်စိတ်ရှိသူတိုင်းတွင် ကိန်းအောင်း လာစေရန် များစွာစေ့ဆော်ပေးနိုင်ခဲ့သည် ဟု ထင်မြင်ယူဆမိပါသည်။ 
အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြသည့် ဂုဏ်ပြုထိုက်သူများ 
ဤသို့    ကြီးမားခမ်းနားလှသော နိုင်ငံတော်အဆင့် အခမ်းအနားလွတ်လပ် ရေးသဘင်ကြီးကို အမှားအယွင်း တစ်စုံ တစ်ရာမရှိ၊ အောင်မြင်စွာပြီးမြောက်နိုင်ရေး ရှေ့ဆောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများ၊ အားထည့် လုပ်ဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအကြီး အကဲများ၊   အရာထမ်းအမှုထမ်းများ၊ တပ်မတော်သား/ရဲတပ်ဖွဲ့ဝင်များ အားလုံး၊ ပါဝင်ဆင်နွှဲခဲ့ကြသည့်  အားကစားသမား၊    အနုပညာရှင်များ၊ တိုင်းရင်းသားပြည်သူ များ၊  ကျောင်းသား ကျောင်းသူ  လူငယ် လူရွယ်များ၊ ဆရာ ဆရာမများ၊    လှုံ့ဆော် အားပေးသူ    ကလောင်ရှင်များအားလုံး သည်   လေးစားဂုဏ်ယူစွာဖြင့်    ဂုဏ်ပြု ထိုက်သူများ ဖြစ်ကြပါသည်။ 
နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်းနှင့် တကွ   ဗိုလ်ရှုခံရှေ့မြင်ကွင်းအစအဆုံး ပြသလှုပ်ရှားမှုအစုံစုံသည်     မမေ့နိုင် ဖွယ်ရာ အလွန်ပင် ရင်သပ်ရှုမောဖွယ် အတိဖြစ်ခဲ့ပါသည်။ ၆ နာရီခန့်ကြာမြင့်ပြီး စိတ်ဝင်စားဖွယ်များစွာဖြင့်  ပြီးမြောက် သွားခဲ့သည်။  နံနက်စောစော  အေးမြ သည့် နှင်းစက်နှင်းမှုံအောက်နှင့် နေရောင် အောက်မှာ အအေးဒဏ်၊  အပူဒဏ်ကို ကာမိလောက်အောင် စိတ်လှုပ်ရှားစရာ ပြသမှုများက စိုးမိုးသွားသည်။
လွတ်လပ်ရေးနေ့   အခမ်းအနား ဟူသည် နိုင်ငံတော်အဆင့်   ကြီးကျယ် ခမ်းနားသောပွဲကြီးတစ်ခု   ဖြစ်သည်။ မော်ကွန်းတင်လောက်သည့်    ဤလို အခမ်းအနားမျိုးတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၊ နိုင်ငံဝန်ထမ်းများ၊ လူထုအဖွဲ့အစည်းများက   အလံတင် အခမ်းအနားဖြင့် ချီတက်အလေးပြုကြ သည့်    အစဉ်အလာကောင်းတစ်ခုကို တာဝန်ရှိစွာ ဆက်လက်ထိန်းသိမ်းသွား သည်ဟု ခံယူမိပါသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည့် နိုင်ငံခေါင်းဆောင်နှင့်တကွ အကြီး အကဲများ၊  ခေတ်အဆက်ဆက်   အကြီး အကဲပုဂ္ဂိုလ်များ၊   ဘွဲ့ထူးဂုဏ်ထူးရှင် ပုဂ္ဂိုလ်ကြီးများ၊ နယ်ပယ်အလိုက်ဌာန အကြီးအမှူးများ၊   နိုင်ငံဝန်ထမ်းများ အားလုံး တစ်စုတစ်စည်းတည်း တွေ့မြင် ရသည်ပင် အလွန်ပင်ကျက်သရေမင်္ဂလာ နှင့် ပြည့်စုံလှပါသည်။ 
အားမာန်အပြည့်ဖြင့် ချီတက်မှု၊ 
စိတ်လှုပ်ရှားဖွယ် ပျံသန်းမှုများ  
တပ်မတော် (ကြည်း၊ ရေ၊ လေ)  စစ်ရေးပြစစ်ကြောင်းများ၏ ရဲစိတ်ရဲမာန် အပြည့်၊     ဝန်ကြီးဌာနကိုယ်စားပြု စစ်ကြောင်းများ၏ အားမာန်အပြည့်ဖြင့် စစ်ချီသီချင်းများသီဆို၍ တပ်ရင်းတပ်ခွဲ အလိုက်    ချီတက်အလေးပြုမှုများက ကြည့်ရှုသူအပေါင်းကို စိတ်အားတက်ကြွ သွားစေသည်မှာ   အမှန်ပင်ဖြစ်သည်။ မျိုးချစ်စိတ်နှင့်    စည်းလုံးညီညွတ်မှု စိတ် ဓာတ်များ ကိန်းအောင်းလာစေသည့် တွန်းအားများပင်ဖြစ်သည်။ 
တပ်မတော်လေမှ   လေယာဉ်နှင့် ရဟတ်ယာဉ်များက   ဗိုလ်ရှုခံစင်မြင့် အနောက်ဘက်မှ အရှေ့ဘက်သို့ အုပ်ဖွဲ့ ပုံစံအမျိုးမျိုးဖြင့်   အလေးပြုဂုဏ်ပြု ပျံသန်းပြသခဲ့ကြသည်မှာ အားရတက်ကြွ စရာဖြစ်သည်။ တိုက်ခိုက်ရေး  MI-35 P နှင့်     Eurocopter     ရဟတ်ယာဉ်များ၊ H-125 လေယာဉ်များ၊  Y-12 ( IV) ၊ ATR -72 နှင့် BEECH Craft ၊ Fokker 70 သယ်ယူပို့ဆောင်ရေး  လေယာဉ်များ၊ MIG-29 ဘက်စုံသုံးတိုက်လေယာဉ်များ၊ K- 8 W   ဂျက်တိုက်လေယာဉ်၊   A-5 ဗုံးကြဲလေယာဉ်၊ Yak-130 ၊ F-7 ၊  FTC-2000 G ဂျက် တိုက်လေယာဉ်များသည် နိုင်ငံတော်အလံချိတ်ဆွဲ၍ လည်းကောင်း၊ နိုင်ငံတော်အလံအရောင် smoke trail ထုတ်လွှတ်၍ လည်းကောင်း    အုပ်ဖွဲ့ အလေးပြုပျံသန်း    ပြသခဲ့မှုများသည် အလွန်ပင်   စိတ်ဓာတ်တက်ကြွဖွယ် မြင်ကွင်းများ ဖြစ်ခဲ့ပါသည်။ 
အထူးသဖြင့်   တပ်မတော်လေထီး အလွတ်ခုန်အဖွဲ့မှ    လေထီးအရာရှိ စစ်သည်၊ စစ်သမီးနှင့်   အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး  ၇၅  ဦးက တပ်မတော်  (ကြည်း ၊ ရေ ၊ လေ) အလံ၊ နေပြည်တော်ကောင်စီအလံ၊    တိုင်း ဒေသကြီး/ ပြည်နယ်၊ ဝန်ကြီးဌာန အလံ များ ချိတ်ဆွဲ၍  အမြင့်ပေ  ၇၅၀၀  တွင် ပျံ သန်းနေသော ရဟတ်ယာဉ်များပေါ်မှ ရဲဝံ့စွာဖြင့် လေထီးအလွတ်ခုန်  (Free fall) ဆင်းသက်ပြီး  အမြင့်ပေ   ၄၅၀၀   မှ လေထီးဖွင့်၍ တိကျသေချာစွာ ဆင်းသက် ပြသခဲ့မှုကလည်း ကြည့်ရှုသူအပေါင်းကို ရင်သပ်ရှုမောဖွယ်ရာ   ဖြစ်စေခဲ့သည်။ တပ်မတော်အနာဂတ်မျိုးဆက်များ၏ စွမ်းရည်နှင့်သတ္တိ၊ စိတ်ဓာတ်၊ ကျန်းမာ ကြံ့ခိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှု၊ တိကျ သေချာမှု၊ အမြဲသတိရှိမှု များကို ဂုဏ်ယူ စွာပြသနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ အခမ်း အနားပြီးခါနီးတွင်  တပ်မတော် (လေ) ၏ စွမ်းရည်မြင့် ပြကွက်တစ်ခုကိုလည်း ကြည့်ရှုခွင့်ရခဲ့သေးသည်။ SU 30 ဘက်စုံ သုံးအကြီးစား   တိုက်လေယာဉ်တစ်စင်း ၏   အဆင့်မြင့်လှုပ်ရှားစစ်ကစားသည့် ပြကွက်များပင် ဖြစ်သည်။ 
(ဆက်လက်ဖော်ပြပါမည်)