အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၂၅


အဂတိလိုက်စားမှု     တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင်   ကရင်ပြည်နယ် အစိုးရအဖွဲ့      ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အဆိုပါဆွေးနွေးပွဲသို့ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ အဂတိလိုက်စားမှု များကြောင့်   နိုင်ငံဖွံ့ဖြိုးတိုးတက် မှု      နောက်ကျခြင်း၊         ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ အဟန့် အတားဖြစ်စေခြင်း၊     ဆင်းရဲ ချမ်းသာ    ကွာဟမှုများခြင်းနှင့် ပြည်သူလူထု၏      ယုံကြည်မှု လျော့ကျစေခြင်းတို့ကြောင့် နိုင်ငံ ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့်လူမှု ယဉ်ကျေးမှုအားလုံးကိုပါ ယိုယွင်း ပျက်စီးစေကြောင်း၊ အများပြည်သူ  ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်     ဖြောင့်မတ် တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာ စွာဖြင့် မျှတစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊   သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်  ရေး  စနစ်တစ်ခုကို       အဂတိ ကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများ ဖြင့်သာ     အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်  ဥက္ကဋ္ဌ ဦးသန်းဆွေက အဂတိလိုက်စားမှု သည်  လာဘ်ပေးလာဘ်ယူခြင်း ထက်      များစွာပိုမိုကျယ်ဝန်း ကြောင်း၊ တံစိုးလက်ဆောင်ပေး ခြင်း၊ ယူခြင်းသာမက လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်း၊  ဆရာမွေး   တပည့် မွေးခြင်း၊ ဆွေမျိုးကောင်းစားရေး အပေါင်းအဖော် ကောင်းစားရေး ဝါဒ     ကျင့်သုံးဘက်လိုက်ခြင်း၊ ငွေကြေးခဝါချခြင်း၊ တရားမဝင် ကြီးပွားချမ်းသာ    ကြွယ်ဝအောင် ဆောင်ရွက်ခြင်းတို့ဖြစ်ပြီး ကမ္ဘာ ပေါ်တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခ များ၏   အရင်းခံအကြောင်းဖြစ် ကြောင်း။
ကော်မရှင်က    ချမှတ်ထား သည့် မဟာဗျူဟာ ရည်မှန်းချက် များကို   အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်     အဓိက လုပ်ငန်းစဉ် (၃)ရပ်မှာ အသိပညာ ပေးခြင်းနှင့်  တားဆီးကာကွယ် ခြင်း၊  စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူခြင်း၊       နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု    မြှင့်တင် ခြင်းတို့ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ  ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့်    ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု     တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) ၃၈ဖွဲ့၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်  တိုင်းဒေသကြီးနှင့်    ပြည်နယ် အစိုးရအဖွဲ့ရုံးများ၌ (၁၄)ဖွဲ့ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊  CPU  များ ဖွဲ့စည်းသည့်     ရည်ရွယ်ချက်မှာ အသေးစား  အဂတိလိုက်စားမှု များ လျော့နည်းကျဆင်းစေရန်နှင့် နိုင်ငံသူ နိုင်ငံသားများ၏ လိုအပ် ချက်များကို ဝန်ဆောင်မှုပေးရာ၌ ပြည့်စုံကောင်းမွန်စေရန် အဓိက ဖြစ်ကြောင်း၊    အကြီးစားအဂတိ လိုက်စားမှုများ (Grand Corrup-tion) သည် နိုင်ငံရေးဩဇာအာဏာ ရှိသူများနှင့် လုပ်ပိုင်ခွင့်ရှိသူအရာရှိ ကြီးများတွင်       လည်းကောင်း၊    အသေးစား     အဂတိလိုက်စားမှု (Petty   Corruption)  များသည်      ပြည်သူလူထုကို     ဝန်ဆောင်မှု ပေးရာတွင်    ထိတွေ့ဆောင်ရွက် ကြရသည့်  နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်းများတွင် လည်းကောင်း     ဖြစ်လေ့ဖြစ်ထရှိကြောင်း။
ဝန်ဆောင်မှုရယူသည့်ပြည်သူ လူထု အရေအတွက်မှာ အလွန် ကြီးမားသည့်       ပမာဏဖြစ်၍ ဖြစ်ရိုးဖြစ်စဉ်စနစ်    (Systemic Corruption) တစ်ခုကဲ့သို့ ဖြစ်လာ သည့်အခါ   နိုင်ငံတော်အုပ်ချုပ်မှု ယန္တရားကို    ထိခိုက်ပျက်စီးပြီး ဆိုးရွားသည့်   အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သဖြင့်       ဝိုင်းဝန်း တားဆီးကာကွယ်ရန်     အထူး လိုအပ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်း များ၌ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် ရေးဆွဲရာတွင် အခြေခံသင့်သည့် အချက်များကိုလည်း ကော်မရှင်၏ ကြေညာချက် အမှတ် (၁၄/၂၀၁၈)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည်     အစိုးရဌာန အဖွဲ့အစည်းများအပြင် ပုဂ္ဂလိက စီးပွားရေး    လုပ်ငန်းရှင်များနှင့် အများပြည်သူများ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်မှသာ အောင်မြင် နိုင်မည်ဖြစ်ကြောင်း   ရှင်းလင်း ပြောကြားသည်။ 
ယင်းဆွေးနွေးပွဲသို့ ပြည်နယ် တရားလွှတ်တော်    တရားသူကြီး ချုပ်၊       ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်    ဌာနဆိုင်ရာ များ၊    ခရိုင်/မြို့နယ်     စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌများနှင့်  အဖွဲ့ဝင် များ၊        စီးပွားရေးလုပ်ငန်းရှင် များ တက်ရောက်ကြပြီး အဂတိ လိုက်စားမှု       တိုက်ဖျက်ရေး ကော်မရှင်မှ    တာဝန်ရှိသူများက ပြည်နယ်      အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင် များကို     ဇန်နဝါရီ  ၂၆ ရက်တွင် ဆက်လက်ဆွေးနွေး ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကော်မရှင်ကဖြောင့်မတ် တည်ကြည်မှု       မြှင့်တင်ရေး ပညာပေး (Edutainment) အစီ အစဉ်အရ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်  အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း      မူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်း သား ကျောင်းသူများကို ကော်မရှင် မှ         ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေး ပညာပေးအစီအစဉ် (ဆရာ ကိုင်)စာအုပ်များမှ သင်ခန်းစာများ ကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရ သည်။                        

သတင်းစဉ်