မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနား၊ အထူးတံတားနှင့် အထူးမုခ်ဦးဖွင့်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၅
မကွေးတိုင်းဒေသကြီး   မင်းဘူး (စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဘုရား   ပါဒစေတီတော်   ဗုဒ္ဓ ပူဇနိယပွဲတော်ဖွင့်ပွဲ    မင်္ဂလာ အခမ်းအနား၊ အထူးတံတားနှင့်  အထူးမုခ်ဦးဖွင့်လှစ်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပသည်။
အဆိုပါ   အခမ်းအနားသို့ မင်းဘူးမြို့   အမှတ်(၂)ရပ်ကွက် မဟာဝိသုတာရာမ   တိုက်သစ် ပဓာနနာယက၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်    ဆရာတော် ဘဒ္ဒန္တညာဏိက အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် ကိုကိုဦး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေး   အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြည်ညို ကြသည်။ 
ဦးစွာ အထူးတံတားနှင့် မုခ်ဦး ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ပေးသည်။ အဆိုပါတံတားကို   မန်းရွှေစက် တော်ရာဘုရားပွဲ ကျင်းပပြုလုပ် သည့်ကာလအတွင်း      တည် ဆောက်မည့်   မန်းချောင်းကူး ယာယီဝါးတံတားအစား  ဘုရားဖူး ပြည်သူများ   စိတ်အေးချမ်းသာ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာ နိုင်ရေးအတွက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လမ်းညွှန်မှာကြား ချက်အရ   တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတားအရှည်ပေ  ၁၀၀ ၊ အကျယ် ၁၄ ပေ  ရှိကြောင်းနှင့် တံတား၏ခံနိုင်ဝန်မှာ  ၁၃ တန် ဖြစ်ကြောင်း   သိရှိရသည်။   ထို့ အပြင် ချောင်းရေထိန်းသိမ်းရန် အတွက်    ရေထိန်းနံရံ   ရေတား တစ်ခုကိုလည်း      ထည့်သွင်း ဆောက်လုပ်ခဲ့ကြောင်း    သိရှိရ သည်။
ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော် အထူးမုခ်ဦးကို   မဟာဝိသုတာ ရာမတိုက်သစ်     ပဓာနနာယက ဆရာတော်ဘုရားကြီးနှင့်   တိုင်း ဒေသကြီး       ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်၍     ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဇီဝိတဒါန   ငှက် လွှတ်ခြင်း၊   အထူးတံတားပေါ်မှ ဇီဝိတဒါန    ငါးလွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် မန်းရွှေစက်တော် အောက်ခြေတော်ရာ  ပါဒစေတီ တော်     အလင်းပေါက်ဖန်    အုပ် သျှောင်တော်   ဖွင့်လှစ်ခြင်း၊   ရွှေ သင်္ကန်းကပ်လှူခြင်းနှင့်        ဗုဒ္ဓါ ဘိသေကအနေကဇာတင် ပူဇော် ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဆက်လက်    ကျင်းပပြုလုပ်ရာ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တိုင်းမှူးတို့က အလင်းပေါက်ဖန်       အုပ်သျှောင် တော်အား  စက်ခလုတ်နှိပ်ဖွင့်လှစ် ကြသည်။ ဆက်လက်၍  သံဃာ တော်အရှင်သူမြတ်တို့က မန်းရွှေ စက်တော်   အောက်ခြေတော်ရာ ပါဒစေတီတော်မြတ်အား   ဗုဒ္ဓါ ဘိသေက အနေကဇာတင်တော် မူပြီး     ဗုဒ္ဓပါဒခြေတော်ရာအား နမ္မဒါရေစင်ဖြင့်    သွန်းဖျန်း၍ ရွှေသင်္ကန်းများ  ဆက်ကပ်ပူဇော် ကြသည်။ (ဝဲပုံ) ထို့နောက် ဗုဒ္ဓ သာသနံ  စိရံတိဋ္ဌတု   သုံးကြိမ် ရွတ်ဆို   ဆုတောင်းပြီး  အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက်    အထက်စက် တော်ရာ    ပါဒစေတီတော်   ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို  ကျင်းပ ပြုလုပ်ရာ   ဆရာတော်   အရှင် သူမြတ်များနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များက      နမော တဿသုံးကြိမ်ရွတ်ဆို   ဘုရား ကန်တော့၍    အခမ်းအနားကို ဖွင့်လှစ်ကြပြီး တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်း  ပဓာန နာယက    မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော် ဆောင်ဆရာတော်   အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ    မဟာသဒ္ဓမ္မ ဇောတိကဓဇ    ဘဒ္ဒန္တမာနိတ၊ တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အထက်စက်တော် ရာ   ပါဒစေတီတော်မြတ်ကြီးကို ဖွင့်လှစ်၍      နမ္မဒါရေစင်ဖြင့်    သွန်းဖျန်းကာ    ရွှေသင်္ကန်းတော် များ ဆက်ကပ်ပူဇော်ကြသည်။ 
ထို့နောက်     သံဃာတော် အရှင်သူမြတ်များက     အထက် စက်တော်ရာ   ပါဒစေတီတော် မြတ်အား ဗုဒ္ဓါဘိသေကအနေက ဇာတင်တော်မူပြီး   ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု      သုံးကြိမ်ရွတ်ဆို ဆုတောင်း၍    အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက်  သုံးထပ်သာသနာ့ ဗိမာန်တွင် မန်းရွှေစက်တော်ရာ ဘုရား   ပါဒစေတီတော်   နှစ်ဆူ ဖွင့်လှစ်ပူဇော်ပွဲ   အောင်မြင်ခြင်း အတွက်  ဒါန၊  သီလ၊  ဘာဝနာ ကုသိုလ် ဆည်းပူးခြင်းနှင့် လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း   အခမ်းအနား ကျင်းပ၍  သံဃာတော်   အရှင် သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် မင်းဘူး  သစ်ထုတ် ရေးဒေသ၊    ရွှေစက်တော်မန်း ချောင်း ဆင်စခန်း  လေးနှစ်ပြည့် အထိမ်းအမှတ်  အခမ်းအနားသို့ သွားရောက်၍ ဆင်သရုပ်ပြ (Ele-phant Show) အစီအစဉ်များကို ကြည့်ရှုအားပေးကာ ဆင်များအား      အစားအစာများ   ကျွေးမွေးခဲ့ကြ သည်။
အဆိုပါ မန်းရွှေစက်တော်ရာဘုရားပါဒစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဇန်နဝါရီ   ၂၅  ရက်မှ ဧပြီ   ၁၇  ရက်အထိ  ၈၃ ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်