
နေပြည်တော် ဇန်နဝါရီ ၂၅
အခြေခံပညာ အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သူ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ယူလေ့ကျင့် နိုင်မည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း များ ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပ သည်။ (အောက်ဝဲပုံ)
အစည်းအဝေးတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကျောင်း စီမံ အုပ်ချုပ်မှုကိစ္စရပ်များ တာဝန် ခွဲဝေခြင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲသတ်မှတ်ခြင်း၊ ပုံနှိပ် စာအုပ်များ ရိုက်နှိပ်ခြင်း၊သင်ကြား မည့် ဆရာ ဆရာမများ သတ်မှတ် ခြင်း၊ ဘာသာရပ်များ ခွဲဝေ သတ်မှတ်ခြင်း၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုး ဖြည့်ဆည်းခြင်း၊ သင်ယူမှုရလဒ် များ စစ်ဆေးခြင်း၊ ဘတ်ဂျက် ခွဲဝေ သုံးစွဲဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ကျောင်းသား ကျောင်းသူ များ အလယ်တန်းဆင့် Grade-9 ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့် ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ အတွင်းမှ မြို့နယ်များရှိ အခြေခံ ပညာအထက်တန်းကျောင်း ၅၀ တွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်