(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်“ ညီညွတ်ရေးသံစဉ်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  ဇန်နဝါရီ   ၂၅


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ် (၇၆) နှစ်မြောက်  ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ညီညွတ်ရေးသံစဉ်” တေးဂီတဖျော်ဖြေ ပွဲကို  ဇန်နဝါရီ  ၂၇  ရက်  သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

 


ယင်းအစီအစဉ်တွင်  “မြန်မာ့အသံခေတ်ပေါ်တေးဂီတ”  အဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော်တေးသံရှင် ရသ၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၊ တိုင်းရင်းသားလူမျိုးများ  ရုပ်သံလိုင်းမှ  တေးသံရှင်များနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော်မှ တိုင်းရင်းသား တေးသံရှင်များဖြစ်ကြသည့်  စောရက်စတာ၊ လင်းဘုန်းကျော်၊ ဖူးဧကရီဆောင်း၊ အင်ကြင်းနိုင်ဦး၊ နန်းခိုင်သစ္စာ၊ မြင့်မြတ်ကျော်၊  စိုးထက်အောင်၊ စောရဲရဲနှင့် ထွန်းပပ အောင်တို့က တိုင်းရင်းသားရိုးရာများနှင့် ဒေသဆိုင်ရာ အလှအပသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး၊  ထိုသို့တင်ဆက်မှုကို ဇန်န ဝါရီ  ၂၉ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။                             

သတင်းစဉ်