ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့နှင့် တွေ့ဆုံပြီး ဆာကူရာပန်းစိုက်ပျိုးပွဲသို့ တက်ရောက်

 

ရန်ကုန်  ဇန်နဝါရီ    ၂၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဂျပန် - မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ  တာဝန်ရှိသူများအား ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ  ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာ ယဉ် ကျေးမှုမြှင့်တင်ရေးအဖွဲ့ကိုယ်စား ဦးမိုးမင်းဦး  (ခ)  ဦးရွှေသွေးနှင့်  Mr. HATANO HiROSHI တို့က ဂျပန် - မြန်မာ ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်  ဂျပန် - မြန်မာ ချစ်ကြည်ရေး   အထိမ်းအမှတ် ဆာကူရာပန်း  စိုက်ပျိုးပွဲကျင်းပ ခြင်း      အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး       ပြောကြား သည်။
ထို့နောက်       ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်က မြန်မာနိုင်ငံနှင့်  ဂျပန်နိုင်ငံသည် ယခင်ကတည်းက    ကောင်းမွန် သောဆက်ဆံရေး    ရှိခဲ့ပြီးဖြစ်၍ ဆက်လက်ပြီး   ပိုမိုကောင်းမွန် အောင်   ကြိုးစားသွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်း သားဒေသများတွင် ဖွံ့ဖြိုးတိုးတက် မှု    နည်းပါးနေသဖြင့်   တိုင်းရင်း သားလူငယ်လူရွယ်များ    အလုပ် အကိုင်အခွင့်အလမ်းများ     ရရှိ အောင်    မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်     ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊    မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ရာ ထိုင်းနိုင်ငံ၏   ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းထားရှိသည့် ကောင်းမွန်သောစနစ်ကို မြင်တွေ့ ခဲ့ရကြောင်း၊ မည်သည့်နိုင်ငံမဆို ငြိမ်းချမ်းရေးသည် လွန်စွာအရေး ကြီးကြောင်း၊   တိုင်းသူပြည်သား များ   စည်းလုံးမှ   ငြိမ်းချမ်းမည်၊ ငြိမ်းချမ်းမှ  နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်မည်     ဖြစ်ကြောင်း၊ အရောင်အသွေးမရှိ ပါတီစွဲ၊ ပုဂ္ဂိုလ် စွဲမထားဘဲ  မိမိတို့နိုင်ငံ   မိမိတို့ လူမျိုးအတွက်  ကြိုးစားဆောင် ရွက်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ မြန်မာ-ဂျပန် ချစ်ကြည်ရေး   ဆိုသည်မှာလည်း မေတ္တာတရားပင် ဖြစ်ကြောင်း၊ ဆာကူရာပန်းကို    မေတ္တာနှင့် စိုက်ပျိုးခြင်းဖြင့်     မေတ္တာပွား များပြီး ငြိမ်းချမ်းကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက်    ပြည်ထောင်စု ဝန်ကြီး၊      တိုင်းဒေသကြီးနှင့် ပြည်နယ်  အစိုးရအဖွဲ့  တိုင်းရင်း သားရေးရာဝန်ကြီးများ၊     ဌာန ဆိုင်ရာ အကြီးအကဲများ၊ ဂျပန်-မြန်မာ   ယဉ်ကျေးမှုမြှင့်တင်ရေး အဖွဲ့   ကိုယ်စားလှယ်များသည် ပြည်ထောင်စု    တိုင်းရင်းသား ကျေးရွာ (ရန်ကုန်)   အတွင်းရှိ နန်းမြင့်မျှော်စင်အနီးတွင် ဆာကူ ရာပန်းပင်များ    စိုက်ပျိုးပေးကြ ပြီး   စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ သည်        တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု   အကအလှများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေ များချီးမြှင့်သည်။
ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင် စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း       ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးမှုနှင့် Pont-oon  ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေကို    သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ    မှာကြားခဲ့ကြောင်း    သိရ သည်။
သတင်းစဉ်