
နေပြည်တော် ဇန်နဝါရီ ၂၅
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပ သည်။
တက်ရောက်
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ စဝ်အုမ်ခေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးညှိနှိုင်းခဲ့
ဒုတိယနေ့ ဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးပြတ်သေးသည့် ဆက်လက်ဆွေးနွေးရန် ကိစ္စများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များ၊ RCSS မှ အဆိုပြုသည့် ရှမ်းပြည်နယ် ဆိုင်ရာ အခြေခံမူဝါဒ(၃၃)ချက်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘော တူညီချက်များကို နှစ်ဖက်အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများကို မိမိတို့၏ သဘောထားအမြင်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ကြ သည်။ ယင်းနောက် နှစ်ဖက် ဆွေးနွေးချက်များအရ သဘော တူညီချက်များရယူနိုင်ရန် မူကြမ်း များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့သည်။
တတိယနေ့ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက် တူညီသည့် သဘောထားများ ကို သဘောတူညီချက်များအဖြစ် လက်မှတ် ရေးထိုးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်