
မိုင်းယန်း ဇန်နဝါရီ ၂၄
ရိုးရာဓလေ့ ထိန်းသိမ်းနိုင်စေရန် နှင့် ရပ်ရွာစည်းလုံးချစ်ကြည်မှုရှိ စေရန်အတွက် (၃၃)ကြိမ်မြောက် လားဟူတိုင်းရင်းသား လူမျိုးများ ၏ ရိုးရာဓလေ့စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၃ ရက် က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ် ပန်ဆောင် ကျေးရွာတွင် ကျင်းပကြောင်း သိရသည်။
ထင်းရှူးပင်များ အဖူးအညွန့် ဖူးပွင့်ဝေဆာသည့် အချိန်ကာလ တွင် လားဟူတိုင်းရင်းသား ရိုးရာ နှစ်သစ်ကူးပွဲတော်ကို စုပေါင်း ကျင်းပကြကြောင်း သိရသည်။ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင် စေရန်နှင့် ရပ်ရွာစည်းလုံး ညီညွတ် မှု ရရှိစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။
အဆိုပါလားဟူရိုးရာနှစ်သစ်ကူးပွဲတော်သို့ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ လားဟူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကာ လားဟူတိုင်းရင်းသား လူမျိုးများ ၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာနှင့် အညီ ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခြင်း၊ ရိုးရာအစား အသောက်များဖြင့် တည်ခင်းဧည့်ခံ ကြသည်။
ခွန်ရဲထွေး(ဆီဆိုင်)