တပ်ကုန်းမြို့၌ ၁၁ ကေဗွီ၊ ဗို့ ၄၀၀ ဓာတ်အားလိုင်းနှင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်မှုလုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီး

 

တပ်ကုန်း    ဇန်နဝါရီ    ၂၄
ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဥတ္တရခရိုင်         တပ်ကုန်းမြို့နယ်၌   လျှပ်စစ်မီးသုံးစွဲသည့် ဒေသခံပြည်သူ များ  လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုနှင့်  လျော့နည်း  ကျဆင်းမှုမရှိရေး၊   လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြု နိုင်စေရန်       နေပြည်တော်ကောင်စီ ခွင့်ပြုငွေဖြင့်   ၁၁   ကေဗွီ၊  ဗို့  ၄၀၀  ဓာတ်အားလိုင်းနှင့်   ၂၀၀   ကေဗွီအေ  ထရန်စဖော်မာတစ်လုံး၊   ဗို့     ၄၀၀   ဓာတ်အားလိုင်းတို့ကို  တည်ဆောက် လျက်ရှိရာ  အဆိုပါ  လုပ်ငန်းများကို ဇန်နဝါရီလ တတိယပတ်တွင် လုပ်ငန်း အားလုံး သတ်မှတ်ရာခိုင်နှုန်းအပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ   ၁၁  ကေဗွီ၊   ဗို့  ၄၀၀  ဓာတ်အားလိုင်း    လုပ်ငန်းတွင်    ၁၁ ကေဗွီ  (၂ ဒသမ ၅) မိုင်၊ ၂၀၀ ကေဗွီအေ  ထရန်စဖော်မာ  တစ်လုံးနှင့် ဗို့ ၄၀၀ ဓာတ်အားလိုင်းလုပ်ငန်းတွင် တစ်မိုင် တို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူ  တည်ဆောက်ပြီး၊  မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင် ဇော်ဇော်မျိုးက ကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ သိရသည်။                                        
တင်စိုးလွင်