
နေပြည်တော် ဇန်နဝါရီ ၂၄
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများ၊ ခရိုင်ဦးစီး မှူးများနှင့် ထူးချွန်ဆုရဝန်ထမ်း များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက အမှာစကားပြောကြား ရာ၌ ပြီးခဲ့သည့် နှစ်အတွင်း ဆောင် ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ ကို ပြန်လည်ညှိနှိုင်းသုံးသပ်၍ လုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်သွားကြ မည်ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန သည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း ၄၃၅ ရုံးဖြင့် ဖွဲ့စည်းထားပြီးမီဒီယာ အခန်းကဏ္ဍမှ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံလျက်ရှိ သည့် ဌာနတစ်ခုဖြစ်ကြောင်း။
၂၀၂၂ ခုနှစ်တွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ ထူးခြားသော စွမ်းဆောင်နိုင် မှုများကို ပြသခဲ့သည့် နှစ်တစ်နှစ် ဟု ဆိုနိုင်ပါကြောင်း၊ ၂၀၂၂ ခုနှစ် အတွင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် လူငယ်နှင့် စာပေပွဲတော် ကြီးကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင် ခဲ့ခြင်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အနုပညာ ရှင်များဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပဒေသာကပွဲကြီးကို နေပြည်တော်ရှိ လဟာပြင်ကဇာတ် ရုံကြီး၌ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် လူငယ်နှင့် စာပေအနုပညာ ပြပွဲကြီးကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC–2) ၌ ကျင်းပ ပြုလုပ်ခဲ့ခြင်းနှင့် ဓာတ်ပုံပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ စသည်တို့ကို လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း။
ပြီးခဲ့သည့်နှစ်အတွင်း Digital Library စနစ်သို့ အဆင့်မြှင့်တင် နိုင်ရန် Digital Library Mana-gement System(DLMS) အသုံး ပြုနည်း သင်တန်းများကို ဖွင့်လှစ် နိုင်ခဲ့ပြီး Digital စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ သတင်းရေးသား ပေးပို့နည်း သင်တန်း၊ ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်း စသည့် သင်တန်းများအပါအဝင် ဝန်ထမ်း များ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ သင်တန်းများ ကို ၅၅၃ ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ ကြောင်း၊ ထိုသို့ နှစ်စဉ်ဖွင့်လှစ် သည့် စွမ်းဆောင်ရည် မြင့်မားရေး ဆိုင်ရာ သင်တန်းများမှတစ်ဆင့် တည်ငြိမ်မှု၊ ထိုးထွင်း သိမြင်မှု စသည့် အရည်အသွေးများ ရရှိ အောင် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် စည်းလုံး ညီညွတ်မှုဖြင့် ဆောင်ရွက်ရပါ ကြောင်း၊ ဆက်လက်၍လည်း ဝန်ထမ်းများက စည်းလုံးညီညွတ် မှုရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်များ ထမ်းဆောင်ရာတွင် အခက်အခဲ တွေ့ကြုံနိုင်ကြောင်း၊ ထိုအခက်အခဲများကို စည်းလုံး ညီညွတ်မှု၊ စွမ်းဆောင်ရည်ရှိမှု တို့ဖြင့် ကျော်လွှားကာ မိမိတို့ ဆောင်ရွက်နေသည့် မီဒီယာအခန်း ကဏ္ဍကို ပြည်သူ့အတွက် အကျိုး ရှိစွာအသုံးချတတ်စေရန် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများက သတင်းပိုင်းဆိုင်ရာ၊ ဓာတ်ပုံပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာနှင့် ကဏ္ဍအလိုက် ထူးချွန် ဆုရရှိကြသည့် မြို့နယ်များနှင့် ဝန်ထမ်းများအား ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ခရိုင်အဆင့် သတင်း လွှင့်တင်ဖော်ပြခံရမှု ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိကြသည့် ခရိုင်ရုံးများကို ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက မြို့နယ်အဆင့် လုပ်ငန်းစွမ်းဆောင် ရည် ပထမဆုရရှိသည့် နတ်မောက် မြို့နယ်ရုံး၊ ဒုတိယဆုရရှိသည့် တောင်ဥက္ကလာပမြို့နယ် ရုံး၊ တတိယဆုရရှိသည့် တောင်သာ မြို့နယ်ရုံး၊ အထူးဆုများ ရရှိသည့် ကျိုက်ထိုမြို့နယ်ရုံး၊ သီပေါ မြို့နယ်ရုံး၊ လှိုင်းဘွဲ့မြို့နယ်ရုံး၊ ဒေးဒရဲမြို့နယ် ရုံးနှင့် ကျွန်းလှ မြို့နယ်ရုံးတို့ကို လည်းကောင်း၊ ခရိုင်အဆင့် လုပ်ငန်းစွမ်းဆောင် ရည် ပထမဆုရရှိသည့် လားရှိုး ခရိုင်ရုံး၊ ဒုတိယဆု ရရှိသည့် ဘားအံခရိုင်ရုံးနှင့် တတိယဆုရရှိ သည့် ကျောက်ဆည်ခရိုင်ရုံးတို့ကို လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းစွမ်း ဆောင်ရည် ထူးချွန်ဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ရုံးကို လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ဆုရရှိသူများ ကိုယ်စား အရာထမ်း တစ်ဦး က ကျေးဇူးတင်စကား ပြော ကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဗီဒီယိုကိုပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်