မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်များကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ   ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်မှ “ခရီးတို မြို့တွင်းပြေးဆွဲသည့် လျှပ်စစ် ကားများ   ထုတ်လုပ်နိုင်ရေး  အားပေးဆောင်ရွက် သွားရန်” လမ်းညွှန်မှုပြုခဲ့သဖြင့် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီကို   ၂၀၂၂  ခုနှစ် ဇွန် ၂  ရက်တွင်လည်းကောင်း၊  လုပ်ငန်းကော်မတီ (၅) ရပ်ကို ၂၀၂၂ ခုနှစ် ဇွန် ၇ ရက်တွင်လည်းကောင်း ဖွဲ့စည်းခဲ့သည်။
ပထမအကြိမ်တင်သွင်း
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့်   ကုမ္ပဏီ  ၂၆  ခုမှ  ဦးဆောင် ကော်မတီသို့ လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့် အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ   Chin   Dwin  Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တို့မှ  ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့  ပထမအကြိမ်   လျှပ်စစ်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့သည်။
ရှေးဦးစွာ အမျိုးသားအဆင့်ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဒေါက်တာချာလီသန်းနှင့် လုပ်ငန်း ကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်   ရွာသာကြီး  Dry  Port တွင် ရောက်ရှိနေသည့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် အစီး ၃၀ နှင့် NPK Motors Co., Ltd. မှ တင်သွင်းလာ သည့် လျှပ်စစ်သုံးယာဉ် ၁၀ စီး စုစုပေါင်း အစီး ၄၀  ကို ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန် ထားသည့်   စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု  ရှိ/မရှိနှင့်  ခွင့်ပြုထားသည့် လိုင်စင်ပါ ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်၍ ယာဉ်များ  ထုတ်ယူသည့်  လုပ်ငန်းစဉ်ကို   ကြည့်ရှု စစ်ဆေးသည်။ (အပေါ်ပုံ)
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် အမျိုးသားအဆင့် ဖွဲ့စည်း ခဲ့ပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မူဝါဒများချမှတ်ခြင်း၊ လျှပ်စစ်သုံးယာဉ်  အသုံးပြုမှုအတွက် အခွန်/အခ ကင်းလွတ်ခွင့်များ၊         အခြားသက်သာခွင့်များ ဖော်ဆောင်ပေးခြင်း၊ လိုအပ်သည့် အမိန့်ညွှန်ကြား ချက်များ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ အများသုံး Charging Station များ တည်ဆောက် နိုင်ရေး စီမံချက်များ ချမှတ်ခြင်းများဖြင့် အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် အမျိုးသားအဆင့်        ဦးဆောင်ကော်မတီသည် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒ” ကို ရေးဆွဲပြုစုထားပြီး မကြာမီ နိုင်ငံတော်အဆင့်       အတည်ပြုထုတ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။
မူဝါဒ၏    မျှော်မှန်းချက်အတိုင်း   ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး ကနဦး ရှေးပြေးစီမံကိန်း (Pilot Project) ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားပြီး      လျှပ်စစ်သုံးယာဉ်ကဏ္ဍတွင် ဆောင်ရွက်လိုသည့်    ကုမ္ပဏီများမှ   တင်ပြသည့် အဆိုပြုလွှာများကို  စိစစ်၍  လျှပ်စစ်သုံးယာဉ်များ တင်သွင်း အသုံးပြုနိုင်ရေး၊ ပြည်တွင်း၌ ထုတ်လုပ် နိုင်ရေး၊ အများသုံး   Level-3  အဆင့်  Charging Station များ တည်ဆောက်နိုင်ရေး၊ After Sale Services လုပ်ငန်းများကို အာမခံစနစ်ဖြင့် ဆောင် ရွက်နိုင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အနေဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုပေးလျက် ရှိသည်။
စမ်းသပ်ပြေးဆွဲအသုံးပြုမည့် 
လျှပ်စစ်သုံးယာဉ်များဖြစ်
ယခုရောက်ရှိလာသော ယာဉ်များသည် တရုတ် နိုင်ငံမှ ထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး   လူစီးနှင့်  တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲ အသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်သည်။ အများ ပြည်သူ အသုံးပြုနိုင်ရေး လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင် အခြေပြု၍ တက္ကစီ ၁၀ စီး၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်း ဈေးတွင် အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည် ဖြစ်သည်။ 
မွန်းလွဲပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိပြီး လုပ်ငန်း တာဝန်များကို မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင် စေရန်     စက်ရုံ၌   တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိစေရန်၊   အထက်အောက်   ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ် အားကောင်းစေရန်၊ နွေးထွေးသည့် ဆက်ဆံရေး စသည့်ကောင်းမွန်သည့် အလေ့အထ ကောင်းများ  ဆက်လက်တိုးပွားစေရန်တို့အတွက် ဝန်ထမ်းများနှင့်အတူ    နေ့လယ်စာ    အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။           သတင်းစဉ်