“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်  ဇန်နဝါရီ  ၂၄
မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊   တရား ဥပဒေစိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များ နှင့်ပတ်သက်၍   ပရိသတ်များ၏  ရင်တွင်းခံစားချက်စကားသံများ အား သဇင်  FM  ၏   “ပြည်သူ့ကြားက  ပြည်သူ့စကား”  အစီအစဉ်မှ “စစ်ကိုင်းတိုင်းဒေသကြီး    ကန့်ဘလူမြို့နယ်၌    PDF  အကြမ်းဖက် သမားများ သတ်ဖြတ်မှုကြောင့်  အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ရှစ်ဦးသေဆုံးခဲ့”   ခေါင်းစဉ်ဖြင့်    ဇန်နဝါရီ    ၂၅   ရက်   မွန်းလွဲ  ၁ နာရီတွင်   ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။ 
လာမည့်အပတ်   ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင်   “KNPP/PDF  အကြမ်းဖက်သမားများက   ကယားပြည်နယ်    လွိုင်ကော်မြို့ရှိ လောပိတရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့်      ချိတ်ဆက် သွယ်တန်းထားသော     မဟာဓာတ်အားလိုင်း တာဝါတိုင်ကို      မိုင်းခွဲ ဖျက်ဆီး”  ခေါင်းစဉ်ဖြင့်  ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်    ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်  အပတ်စဉ်    ကြာသပတေး နေ့   နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့   အမည်၊   နေရပ်လိပ်စာ၊     အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ် ရမည့်    ဖုန်းနံပါတ်တို့ကို   Message   ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်  ပါဝင်လာသည့်  ပရိသတ်များ၏   ဖုန်းနံပါတ်များနှင့်    ကိုယ်ရေး အချက်အလက်များအား  လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရ သည်။                      သတင်းစဉ်