စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်   ဇန်နဝါရီ    ၂၄


စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး   ဘော်လီဘောပြိုင်ပွဲတွင်   ဆုတံဆိပ် ရရှိခဲ့သော    အားကစားသမားများအား     ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကာကွယ်ရေးဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ဦးစွာ  ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင်  တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီး ဌာနပေါင်းစုံ    အားကစားပြိုင်ပွဲမှတစ်ဆင့်     နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည့် ဘော်လီဘောအားကစားသမား ကောင်းများ   ပေါ်ထွက်လာစေရန်    နိုင်ငံတော်က ရည်ရွယ်ကျင်းပပေးခဲ့သည့်    ပြိုင်ပွဲတွင်    မိမိတို့ ဝန်ကြီးဌာနက အားကစားမောင်မယ်များအနေဖြင့် ထိုက်ထိုက်တန်တန် ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့ သည့်အတွက် ဝမ်းသာဂုဏ်ယူပီတိဖြစ်ရပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစား သမားများအနေဖြင့်  ဘော်လီဘောပြိုင်ပွဲတွင်သာမက  အခြားသောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ဆုတံဆိပ်များရယူခဲ့ရာ  နိုင်ငံ့ဂုဏ်၊  ဌာန၏ဂုဏ်တို့  ကို    မြှင့်တင်ပေးခဲ့သည်ကို  ဂုဏ်ယူစွာ တွေ့ရှိခဲ့ရပါ  ကြောင်း၊          အားကစားသမားကောင်းများအဖြစ် ကြိုးစားခဲ့သည့်   စိတ်ဓာတ်များမှ   နိုင်ငံ့ဝန်ထမ်း ကောင်းဆိုသည့်     စိတ်ဓာတ်ကို      ခိုင်ခိုင်မာမာ  ဆက်လက်မွေးမြူသွားကြစေလိုကြောင်း၊    ဝန်ကြီး ဌာန ဆုရအားကစားသမားများအဆင့်မှသည် နိုင်ငံ့ လက်ရွေးစင်အဆင့်   ရောက်ရှိအောင်   ဆက်လက် ကြိုးစားသွားစေလိုကြောင်း ပြောကြားသည်။

 


ဆက်လက်၍ အောင်ပွဲရ ကာကွယ်ရေးဝန်ကြီး ဌာန ကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်း နှင့် အမျိုးသမီး ဘော်လီဘောအသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏   ဂုဏ်ပြုချီးမြှင့်ငွေကို   စစ်ရေးချုပ်  ဒုတိယဗိုလ်ချုပ်ကြီး   စိုးမင်းဦးက   ပေးအပ်ချီးမြှင့် သည်။  

 

ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    အဖွဲ့ဝင်၊     ကာကွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး  မြထွန်းဦးက အောင်ပွဲရကာကွယ်ရေးဝန်ကြီးဌာန    ကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်း နှင့် အမျိုးသမီး ဘော်လီဘောအသင်းကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်   ဆုတံဆိပ်ရရှိခဲ့သော  အားကစား သမားများကိုယ်စား     ကာကွယ်ရေးဝန်ကြီးဌာန ဘော်လီဘောအသင်းနည်းပြချုပ်     အရာခံဗိုလ် ခင်မောင်တိုးက   ကျေးဇူးတင်စကား     ပြန်လည် ပြောကြားသည်။ ယင်းနောက် အောင်ပွဲရအားကစား သမားများအား        ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်