
နေပြည်တော် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင် သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့ တွင် ဝါးခယ်မမြို့နယ် မရမ်းချောင် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၂၉၉၃ ဦး အား ၎င်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက် လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၈၇၄ ဦး၊ ခွဲစိတ်ရောဂါ ၂၅၀၊ သားဖွား/ မီးယပ် ရောဂါ ၁၁၄ ဦး၊ ကလေးရောဂါ ၁၄၇ ဦး၊ အရိုးရောဂါ ၆၁၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၂၈ ဦး၊ မျက်စိရောဂါ ၃၉၁ ဦးနှင့် သွားရောဂါ ၃၇၃ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၈၉ ဦးနှင့် မျက်စိခွဲစိတ် လူနာ ၂၅ ဦးတို့ကို ခွဲစိတ်ကုသပေး ခြင်းများဆောင်ရွက်ပေးပြီး ဓာတ်မှန် ရိုက်လူနာ ၆၈ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၁၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၃၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၅၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို အနောက်တောင် တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်