ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းဆောင်ရွက်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

 

နေပြည်တော် ဇန်နဝါရီ ၂၁


ပြည်ထောင်စု                နယ်မြေ နေပြည်တော်           ဥတ္တရခရိုင် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ         ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်    ခွင့်ပြုရန်ပုံငွေဖြင့် ဥတ္တရသီရိမြို့နယ်      အတွင်းရှိ ပိုးစာတောကျေးရွာနှင့်   ရွာသာ ကျေးရွာတို့၌ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက်   ဆိုလာ စနစ်ဖြင့်        စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို     နိုဝင်ဘာလ စတုတ္ထအပတ်တွင်         စတင် ဆောင်ရွက်ခဲ့ရာ  ယခုအခါ  ၉၅ ရာခိုင်နှုန်း       ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း                     အဆိုပါ   ဦးစီးဌာန          တာဝန်ရှိသူထံမှ သိရသည်။ 

 


အဆိုပါ ကျေးရွာများ၌  ဆီ ထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး အတွက်  အကျယ် လေးလက်မ ၊ အနက်ပေ  ၂၀၀  ရှိ  စက်ရေတွင်း လေးတွင်း တူးဖော်ခြင်း၊  ဆိုလာ တပ်ဆင်ခြင်းနှင့်          ရေမြှုပ်ပန့် တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို      ခွင့်ပြုရန်ပုံ ငွေကျပ် ၉၅ ဒသမ ၀၆၄ သန်းဖြင့် တင်ဒါအောင်မြင်သည့်   Kyaw Zhaw Htet  ကုမ္ပဏီက နိုဝင်ဘာ လ စတုတ္ထအပတ်က ဆောင်ရွက် ခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးစိုးလင်း က ပြောသည်။

 


လုပ်ငန်းများ        ဆောင်ရွက် ပြီးစီးပါက    ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၉၀၀၊ လူဦးရေ ၂၉၉၅ဦး တို့ကို အကျိုးပြုပေးနိုင်ကြောင်း၊ နေကြာအပါအဝင် ဆီးထွက်သီးနှံ များ     စိုက်ပျိုးလာနိုင်မည်ဖြစ် ကြောင်း  သိရသည်။


သူသူငြိမ်း